Alexander: The Making of a God FHD

Alexander: The Making of a God

Documentary Drama FHD 2024-01-31 6.321

သမိုင်းအဆက်ဆက် ထင်ရှားတဲ့ အင်ပါယာကြီးတွေကိုပြန်ကြည့်လိုက်ရင် မဟာအလက်ဇန္ဒားရဲ့ အင်ပါယာ ကိုချန်ထားခဲ့လို့မဖြစ်ပါဘူး။ အလက်ဇန္ဒား က မာစီဒိုးနီးယန်းဆိုတဲ့ ဂရိပြည်သေးသေးလေးကို အာဖရိကနဲ့ အရှေ့အလယ်ပိုင်းတစ်ခုလုံးအထိ ကျယ်ပြန့်အောင် အောင်ပွဲအလီလီနဲ့ ချဲ့ထွင်နိုင်ခဲ့ပါတယ်။ ရက်စက်ကြမ်းတမ်းတဲ့စစ်ဘုရင်တဖြစ်လည်း စစ်သူကြီး မဟာအလက်ဇန္ဒားရဲ့ဘဝက ငယ်စဉ်ကတည်းက ချောမွေ့ခဲ့တာတော့မဟုတ်ပါဘူး။ဖခင်ဖြစ်သူက သတ်မိမလိုဖြစ်တာကြောင့် အဝေးကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အဲဒီလိုနဲ့ ဖခင်ကြီးသေဆုံးလို့ နန်းတက်လာတဲ့အချိန်ရောက်တော့လည်းပါရှန်းအင်ပါယာကြီး ဘုန်းတန်ခိုးထွားနေတဲ့အချိန်နဲ့တိုက်ဆိုင်နေပြန်ပါသေးတယ်။ လူမလေး ခွေးမခန့်တဲ့ဘုရင်ငယ်လေးအဖြစ်ကနေ ကျယ်ပြောလှတဲ့ အင်ပါယာကြီးဖြစ်လာအောင် ဘယ်လိုထူထောင်ခဲ့လဲဆိုတာကိုဒီမှတ်တမ်းရုပ်ရှင်မှာ ခံစားကြည့်ရှုရမှာပါ။ဇာတ်လမ်းတင်ဆက်ပုံကတော့ အလက်ဇန္ဒားတည်ဆောက်ခဲ့တဲ့ အလက်ဇန်ဒရီရာ မြို့ကို ရှေးဟောင်းသုတေသနပညာရှင်တွေက တူးဖော်ရင်း အလက်ဇန္ဒားအကြောင်းကိုပြန်ပြောင်းပြောပြတဲ့ပုံစံမျိုးနဲ့ ရောနှောတင်ဆက်ထားတာဖြစ်ပါတယ်။ သမိုင်းအကြောင်းအရာတွေလည်း ပြည့်ပြည့်စုံစုံလေး ထည့်သွင်းရိုက်ကူးထားတာမို့ အချိန်ပေးကြည့်ရှုရကျိုးနပ်တယ်လို့ ခံစားရမဲ့ series တစ်ခုဖြစ်မှာ သေချာပါတယ်။

အပိုင်းများ

Season - 1