The Eternaut FHD

The Eternaut

လျှို့ဝှက်ဆန်းကြယ် သည်းထိပ်ရင်ဖို ကမ္ဘာပျက်ကပ်ရသအစုံအလင်ကိုပေါင်းစည်းပြီး လိုအပ်ချက်မရှိအောင်ရိုက်ကူးပြသသွားတဲ့ အာဂျန်တီးနား Series ကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။နာမည်ကတော့ The Eternaut ဖြစ်ပြီး IMDb Ratingကတော့ 7.5 အထိရရှိထားတဲ့အတွက် အချိန်ပေးကြည့်ရတာတန်ကိုတန်စေရမယ်ဆိုတာတော့ အာမခံနိုင်ပါတယ်။ကမ္ဘာပျက်ကပ်ရုပ်ရှင်တွေ Series တွေထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့ ဇွန်ဘီတွေတောင်မှ ဒီကမ္ဘာပျက်ကပ်လောက်ကြောက်စရာကောင်းမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ အပြင်ထွက်ပြီး လေကိုရှူမိတာထိတွေ့မိတာတွေဖြစ်ရင်တောင်မှ ငေါက်ခနဲတန်းသေသွားနိုင်တဲ့ကပ်ဆိုးဖြစ်နေလို့ပါပဲ။ဒီကပ်ဆိုးကြီးဘယ်လိုစဖြစ်တာလဲဆိုတာကိုမပြောခင်မစတင်ခင်အချိန်ပိုင်းလေးကိုအရင်ပြန်ပြောရမှာပါပဲ။မြို့ထဲမှာ ဓာတ်အားပြတ်တောက်မှုတွေဖြစ်နေပြီး အဲ့ဒါကြောင့်လုပ်ငန်းတွေနှောင့်နှေး အဆင်မပြေမှုတွေဖြစ်နေတဲ့အတွက်ပြည်သူလူထုကလည်း‌ ဒေါပွပြီးဆန္ဒတွေပြနေကြပါတယ်။အဲ့ဒီထဲမှာ ဟွမ်တို့လို သက်ကြီးပိုင်းသူငယ်ချင်းတစ်စုကတော့ ဖာသိဖာသာနေပြီး သူတို့ရဲ့ထုံးစံအတိုင်း ဖဲစုရိုက်နေကျနေ့မှာ လူစုခဲ့ကြပါတော့တယ်။ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူတို့နေရာမှာပါ မီးတွေပျက်လာပြီး အပြင်ထွက်သွားတဲ့ သူငယ်ချင်းတစ်ယောက်ကအထက်မှာပြောခဲ့သလို အပြင်ထွက်ထွက်ချင်း တန်းသေသွားတဲ့အခါမှာတော့ သူတို့သူငယ်ချင်းတစ်စု အဲ့ဒီမှာပဲပိတ်မိနေကြပြီး ရှေ့ဆက်ရှင်သန်နိုင်ဖို့ ဒီကပ်ဆိုးကြီးကိုဘယ်လိုရင်ဆိုင်ကြမလဲ ဒါတွေအားလုံးရဲ့ အရင်းအမြစ်ကရော ဘယ်ကနေစတင်ခဲ့တာလဲ ဘယ်လိုအဆုံးသတ်သွားကြဦးမလဲဆိုတာကို စိတ်ဝင်စားစရာရှုစားရမဲ့Series ကောင်းတစ်ခုပဲဖြစ်ပါတယ်။

အပိုင်းများ

Season - 1