၂၀၂၀ကထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော အိန္ဒိယအက်ရှင်ရုပ်သံဇာတ်လမ်းတွဲကို တင်ဆက်ပေးလိုက်ပါတယ်။၂၆ပိုင်းပါဝင်ပြီး SOTလိုခေါ်တဲ့ နိုင်ငံတော်ကာကွယ်ရေး အထူးတပ်ဖွဲတစ်ခုရဲ့လုပ်ဆောင်ချက်တွေကို စိတ်ဝင်စားဖွယ် ရှုစားကြရမှာပါ။အင်အားကြီးအကြမ်းဖက်အဖွဲအစည်းတစ်ခုဖြစ်တဲ့ လာရှ်ကာအီဘာ့ဒ်အဖွဲဆီကိုနျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်ပစ်တဲ့ကုဒ်တွေ ရောက်ရှိသွားခဲ့ပါတယ်။ဒီအန္တရာယ်ကို ကာကွယ်ဖိုအရေး SOTအဖွဲဆီကို တာဝန်ကျလာခဲ့ပါတယ်။ရှရီကန့်နဲ့ ဘာရှီတိုက SOTအဖွဲထဲက အရာရှိတွေ၊ ကျွမ်းကျင်မှုကိုယ်စီနဲ့အဖွဲထဲမှာ ထူးချွန်တဲ့ တပ်သားတွေပေါ့။တိုင်းပြည်ကိုဖျက်ဆီးပစ်နိုင်တဲ့ ဒီနျူကလီးယားဒုံးတွေရဲ့အန္တရာယ်ကနေ ဘယ်လိုကာကွယ်မလဲဆိုတာရှုစားကြပါဦး။