Carême FHD

Carême

Drama FHD 2025-04-30 8.3

Apple TV+ ကရိုက်ကူးထုတ်လွှင့်ထားပြီး Historical drama နဲ့biographical series ပရိသတ်တွေအကြိုက်တွေ့မဲ့ဇာတ်လမ်းတွဲအသစ်စက်စက်လေးတစ်ခုဖြစ်တဲ့ Carême ကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းတွဲဟာနို င်ငံတကာမှာ နာမည်ကျော်တဲ့ ပထမဆုံးစားဖိုမှူးတွေထဲကတစ်ယောက်လို့ သတ်မှတ်ကြတဲ့ ပြင်သစ်နိုင်ငံရဲဂန္ဓဝင် Pastry Chef ဖြစ်သူ Marie-Antonine Carême ရဲ့ငယ်ဘဝကိုအခြေခံထားပြီး အပြင်မှာတကယ်ရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊နောက်ခံသမိုင်းကြောင်းတွေကို စိတ်ကူးယဉ်နဲ့ရောမွှေဖန်တီးရိုက်ကူးထားတာဖြစ်ပါတယ်။ပြင်သစ်တော်လှန်ရေးရဲ့ မငြိမ်သက်မှုတွေကြားမှာ မွေးဖွားလာခဲ့တဲ့ကာရဲမဲဟာ မွေးစားဖခင်ဖြစ်သူရဲ့ စားသောက်ဆိုင်မှာ ကူညီပြီးမုန့်ဖုတ်တဲ့အပိုင်းကိုတာဝန်ယူထားပေးသူပါ။ တနေ့ညမှာသေခါနီးဆဲဆဲဖြစ်နေတဲ့ လူတယောက်ကို ကူညီပေးလိုက်ပြီးသူကူညီပေးလိုက်တဲ့သူက နပိုလီယန် ဖြစ်နေမှန်းသိလိုက်ရပါတယ်။နောက်တနေ့မှာတော့ နပိုလီယန်ရဲ့ဆတ်သားကနေတဆင့်တူလာရီနန်းတော်စားဖိုဆောင်မှာ အလုပ်လုပ်ဖို့ကမ်းလှမ်းလာပေမဲ့လည်းကာရဲမဲကငြင်းလိုက်တဲ့အချိန်မှာ အဲဒီညမှာပဲ ကာရဲမဲရဲ့မွေးစားအဖေဖြစ်သူကိုအကြောင်းအရင်းမရှိဘဲ လာဖမ်းသွားတာခံလိုက်ရပါတော့တယ်။ကာရဲမဲလည်း ရွေးချယ်စရာမရှိတော့ဘဲ တူလာရီနန်းတော်စားဖိုဆောင်မှာဝင်ပြီးအလုပ်လုပ်ရင်း နပိုလီယန်၊ ဇာဘုရင် အလပ်ဇန္ဒားတို့လိုထင်ရှားတဲ့ပုဂ္ဂိုလ်တွေနဲ့ကြုံဆုံရပြီး သမိုင်းမှာ အကျော်ကြားဆုံးစားဖိုမှူးတစ်ဦးဘယ်လိုဖြစ်လာမလဲ၊ သူ့ရဲ့မွေးစားဖြစ်သူကို ကယ်တင်ဖို့ဘယ်လိုစွန့်စားခန်းတွေလုပ်ရမလဲဆိုတာတွေအပြင်သူ့ရဲ့နာမည်ကျော်အချိုပွဲတွေနဲ့ဟင်းပွဲတွေကိုဘယ်လိုဖန်တီးသွားမလဲဆိုတာ ဆက်လက်ကြည့်ရှု့လိုက်ကြပါဦး။