အလွတ်တမ်းစာရေးဆရာ Harada Ririko နဲ့တက္ကသိုလ်ဆရာဟောင်း Shimano Hitoshi တို့နှစ်ယောက်ဟာ တိုကျိုက ကြောက်စရာဇာတ်လမ်းတွေဖြစ်ပျက်ခဲ့တဲ့နေရာတွေကို သွားရောက်ခဲ့ကြပါတယ်… 23 ward လို့လူတွေသိကြတဲ့နေရာမှာ ဒီလိုကိစ္စတွေအများကြီးဖြစ်ပျက်ခဲ့ပါတယ်… ပျောက်နေတဲ့မိခင်ကိုရှာဖို့ ရှီဘုယ ရထားလိုင်းတွေမှာ ပတ်သွားနေတဲ့ ရုံးဝန်ထမ်းအမျိုးသမီး… Koto ward မှာအလောင်းဝှက်ထားတဲ့အမျိုးသမီး… ညမိုးချုပ် တက္ကဆီလိုက်စီးတဲ့ အမျိုးသမီးဒီဇိုင်နာ CEO ရဲ့ လျှို့ဝှက်ချက်… စသဖြင့် စသဖြင့် အများကြီးကို ဇာတ်လမ်းမြှုပ်ကွက် အလှည့်အပြောင်းများစွာနဲ့ ကြည့်ရှုရမှာမလို့ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ရှုစားလိုက်ကြပါဦးရှင်…