Om Kali Jai Kali ஓம் காளி ஜெய் காளி FHD

Om Kali Jai Kali ஓம் காளி ஜெய் காளி

၂၀၂၂ တုန်းက နာမည်ကြီးခဲ့တဲ့ Kantara ရုပ်ရှင်လိုမျိုး အိန္ဒိယရဲ့ နတ်ကိုးကွယ်ယဉ်ကျေးမှုတွေ၊ရိုးရာတွေ၊ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ အက်ရှင်ဒရာမာကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ တမီလ်စကားပြောခပ်မိုက်မိုက် သည်းထိတ်ရင်ဖို ဝက်ဘ်စီးရီးလေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အိန္ဒိယတောင်ပိုင်းရဲ့ တောမြို့လေးတစ်မြို့မှာ နတ်ကိုးကွယ်တဲ့သူတွေပေါများပြီးရိုးရာနတ်ပွဲတွေကိုလည်း အကြီးအကျယ် ကျင်းပတတ်ကြပါတယ်။တစ်ညမှာ အဲဒီမြို့လေးက နတ်ဝင်သည်အဖွဲ့ဟာ ပူဇော်ပွဲလုပ်နေရင်းနဲ့ သတိလစ်နေတဲ့ကိုယ်ဝန်သည်ကောင်မလေးကိုတွေ့လို့ မြို့ကို ခေါ်လာပြီး ဆွေမျိုးသားချင်းလို စောင့်ရှောက်ထားကြပါတယ်။အစပိုင်းနှစ်တွေမှာတော့ အေးအေးဆေးဆေးဖြစ်ခဲ့ပေမဲ့ နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာအဲဒီအမျိုးသမီးရဲ့အတိတ်က နောက်က လိုက်လာတဲ့အချိန်မှာတော့ သူတို့မြို့လေးတစ်ခုလုံးတွေးတောင်မတွေးဖူးတဲ့အဖြစ်အပျက်တွေနဲ့ တွေ့ကြုံရပုံတွေကိုဒီဇာတ်လမ်းတွဲထဲမှာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ တွေ့မြင်ကြရမှာဖြစ်ပါတယ်…။

အပိုင်းများ

Season - 1