Unmet: Diary of a Brain Surgeon アンメット ある脳外科医の日記 FHD

Unmet: Diary of a Brain Surgeon アンメット ある脳外科医の日記

Drama Mystery FHD 2024-04-15 7.5

အနှစ်သာရရှိတဲ့ ဂျပန် ဆရာဝန်ကားကောင်းလေးတွေ ကြည့်ချင်နေကြတဲ့ ချစ်ပရိသတ်တို့အတွက်အခုတစ်ခါမှာတော့ cast character chemistry script အဘက်ဘက်ကနေ ကြည့်ရှုသူတွေဆီကpositive review တွေ ပိုင်ဆိုင်ထားတဲ့ medical series သစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းလေးကတော့ ထက်မြက်ပြီး အရည်အချင်းရှိတဲ့ ဦးနှောက်အာရုံကြောခွဲစိတ်ဆရာဝန်မလေးမီယာဘိတစ်ယောက် မမျှော်လင့်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့် ဘဝရဲ့အချိုးအကွေ့တစ်ခုကိုရောက်သွားပြီး သူ့ရဲ့ဘဝလမ်းကို ပြန်လည်ရှာဖွေရပုံလေးကို တင်ဆက်ထားတာပါ။ဦးနှောက်အာရုံကြောခွဲစိတ်ဆရာဝန်မလေး မီယာဘိဟာ မထင်မှတ်ထားတဲ့မတော်တဆမှုတစ်ခုကြောင့်ဦးခေါင်းထိခိုက်မှုဖြစ်သွားပါတယ်။ခွဲစိတ်မှုရဲ့နောက်ဆက်တွဲရလဒ်အနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကမှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတဲ့အပြင်နောက်ထပ် memory အသစ်တွေကိုလည်း တစ်ရက်စာအပြင် ပိုမမှတ်နိုင်တော့ပါဘူး။ဒီလိုနဲ့ အာရုံကြောခွဲစိတ်ဆရာဝန်ဘဝကနေ သူနာပြုအဖြစ် အလုပ်ပြန်လုပ်နေတုန်း ဦးနှောက်ခွဲစိတ်ဆရာဝန်ဒေါက်တာဆန်းပေးနဲ့ ဆုံဖို့ဖြစ်လာတဲ့အခါ…ဒေါက်တာဆန်းပေးက ထက်မြက်တယ် တော်တယ်ဆို‌ပေမဲ့ တစ်ဖက်က သူ့ရဲ့အကျင့်စရိုက်ကြောင့်နာမည်ဆိုးတွေလည်းထွက်ထားတဲ့အတွက် မီယာဘိတစ်ယောက် ယုံရခက် မယုံရခက်ဖြစ်နေချိန်သူ့ရဲ့မှတ်ဉာဏ်ပျောက်နေတာအတွက် ဒေါက်တာဆန်းပေးမှာ အဖြေရှိတယ်ဆိုတာကို သိလိုက်ရချိန်မှာတော့…