ကမ္ဘာကြီးဟာ နူကလီးယားဓာတ်ရောက်ခြည်သင့်မှုတွေကြောင့် ပျက်စီးပြီး ကမ္ဘာပေါ်မှာ ရှိတဲ့ သက်ရှိလူသားတွေအကုန်လုံး သေဆုံးကုန်ပါတယ် … ဒါပေမယ့် လူတချို့ကတော့ “The Ark” ဆိုတဲ့အာကာသယာဉ်အတူ အာကာသထဲကို ထွက်လာနိုင်ခဲ့ပါတယ် … ပြီးတော့အာကာသစခန်းတွေတည်ဆောက်ပြီး ကမ္ဘာကြီးဓာတ်ရောင်ခြည်ပြယ်မယ့်နေ့ကိုစောင့်ဆိုင်းနေကြပါတယ်….အဲ့ဒီအာကာသပေါ်မှာ ဘယ်ပြစ်မှုမဆို ကျူးလွန်တဲ့သူဟာ သေဒဏ်ပါပဲ…ဘာလို့လဲဆိုတော့ အာကာသစခန်းမှာ အစားအစာ အောက်ဆီဂျင်တွေကို ချွေတာပြီးကမ္ဘာကြီးနေပြန်ကောင်းမယ့်ရက်တွေကို စောင့်ဆိုင်းနေရတာမလို့ လူဦးရေလျော့ချတဲ့နည်းလမ်းအဖြစ် ဘယ်ရာဇဝတ်သားမဆို သေဒဏ်ချပြီးတော့ စတေးခံစနစ်ကိုကျင့်သုံးကြပါတယ်။ဖြစ်ချင်တော့ ကမ္ဘာကြီးပျက်ပြီး ၉၇နှစ်အရောက်မှာ အာကာသစခန်းကနေ လူဦးရေလျှော့ချဖို့ ဖြစ်လာပါတယ် … အဲ့ဒါကြောင့် တာဝန်ရှိသူတွေဟာ ရာဇဝတ်သားအဖြစ် ထိန်းသိမ်းထားတဲ့ ၁၈နှစ်အောက်လူငယ်အယောက်တစ်ရာကို ကမ္ဘာမြေပေါ်ကို အင်အားသုံးပြီး စေလွှတ်ခဲ့ရာမှ ဒီ ဇာတ်လမ်းဖြစ်ပေါ်လာတာဖြစ်ပါတယ် … အဲ့ဒီလို လွှတ်လိုက်တာကို တာဝန်ရှိသူတွေပဲ သိကြပြီး ကလေးတွေရဲ့အုပ်ထိန်းသူတွေ တစ်ယောက်မှ မသိလိုက်ပါဘူး … လွှတ်ပြီးမှပဲ သိလိုက်ကြတာဖြစ်ပါတယ် …အဲ့ဒီတော့ ဒီလူငယ် အယောက် ၁၀၀ဟာ ဓာတ်ရောင်ခြည်သင့်နေတဲ့ ကမ္ဘာမြေပေါ်ကို ပြန်ပြီး အခြေချတဲ့အချိန် ထူးခြားပြောင်းလဲနေတဲ့ ကမ္ဘာကြီးပေါ်မှာ ဘယ်လို အထူးအဆန်းကိစ္စတွေနဲ့ကြုံကြိုက်ဖြေရှင်းကြရမလဲဆိုတာ သည်းထိတ်ရင်ဖို့စွန့်စွန်းစားစားကြည့်ရှုကြရမှာပါ။