ဒီစီးရီးလေးကတော့ မာဆာဘာဂူပ်တာရဲ့ ဘဝကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ စီးရီးလေးဖြစ်ပါတယ်။ဒီစီးရီးမှာတော့ စီစင်၂ခုပါပြီး အပိုင်း ၁၃ ပိုင်းပါဝင်တာဖြစ်ပါတယ်။အရင်က မင်းသမီးကြီးဖြစ်ခဲ့တဲ့ နီနာဟာ အသက် ၆၀ဝန်းကျန်အချိန်မှာတော့ အရင်က မသင်ခဲ့ရတဲ့ ရေကူး,ကားမောင်း စတာတွေကို သင်ယူရင်း ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေပါတော့တယ်။ နီနာ့မှာ မာဆာဘာဆိုတဲ့သမီးလေးတစ်ယောက်ရှိပြီး သူကတော့ နာမည်ကြီး ဒီဇိုင်နာတစ်ယောက်လည်းဖြစ်ပါတယ်။ မာဆာဘာတစ်ယောက်သူ့အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်ပြီး ကောလာဟလတွေထွက်လာတဲ့အခါမှာတော့ ဒီကိစ္စကိုဖြေရှင်းဖို့အတွက်သူ့ခင်ပွန်းဖြစ်သူကို သူနဲ့အတူဆုပေးပွဲကိုခေါ်လာခဲ့သော်လည်း ကိစ္စတွေက ရှင်းမသွားတဲ့အခါ သူတို့နှစ်ယောက်ရဲ့ကွာရှင်းတဲ့အကြောင်းကို အတိအလင်း ကြေငြာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ တစ်ခုလတ်လေးဖြစ်သွားတဲ့မာဆာဘာတစ်ယောက် ဘဝမှာ သူချစ်တဲ့ ဒီဇိုင်းတွေနဲ့အတူ ဘယ်လိုရုန်းကန်ဖြတ်သန်းသွားမလဲ ………..မိခင်ဖြစ်သူ နီနာနဲ့ မာဆာဘာရဲ့ ကြားက ဆက်ဆံရေးကရော ဘယ်လိုဖြစ်မလဲ ……….ဆိုတာကို ကြည့်ရှုရမဲ့ ဒရာမာစီးရီးလေးဖြစ်ပါတယ်။