Serendipity 榜上佳婿 FHD

Serendipity 榜上佳婿

Drama FHD 2025-04-25 8.3

ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက်မင်းသားချော Wang Zi Qi နဲ့ မင်းသမီးချောလေးLu Yu Xiao တို့ပါဝင်ထားတဲ့နန်းတွင်းအချစ်ကားလေး ဖြစ်တဲ့ Serendipity ဆိုတဲ့ဇာတ်လမ်းတွဲလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့ ကျန်းအိမ်တော်ရဲ့သမီးဖြစ်သူကျန်းမင်ရှုဟာ မတော်တဆ ချောက်ကမ်းပါးကနေပြုတ်ကျသွားရာကနေ မှတ်ဉာဏ်ပျောက်ဆုံးသွားခဲ့တယ်။ဒါပေမဲ့ သူမရဲ့ချစ်သူ လုချန်ရဲ့ကယ်တင်ပေးမှုကြောင့်တစ်မိသားစုလုံးအသတ်ခံရမှုကနေ လွတ်မြောက်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ ကျန်းမင်ရှုဟာ လုချန်နဲ့အတူတူတော်ဝင်စာမေးပွဲဖြေဆိုဖို့အတွက် မြို့တော်ဆီတက်လှမ်းခဲ့တယ်။မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့ကျန်းမင်ရှုဟာ သူမရဲ့သရုပ်မှန်ကိုအမြဲတမ်းသံသယဝင်နေခဲ့တဲ့အတွက်ဒီဆန်းကြယ်တဲ့ဖြစ်ရပ်တွေ သူမရဲ့ဘဝဖြစ်ရပ်မှန်ကို စုံစမ်းဖို့အတွက်အတွင်းအိမ်တော်ထဲဝင်ရောက်ခဲ့တယ်။သူမတစ်ယောက်တည်း အန္တရာယ်တွင်းထဲကို လျှောက်လှမ်းနေတယ်လို့ထင်နေခဲ့ပေမဲ့ သူမရဲ့နောက်ကွယ်မှာ လုချန်ရဲ့တိတ်တိတ်လေးကာကွယ်ပေးနေခဲ့တာကို သိသွားတဲ့အခါမှာတော့ လုချန်ရဲ့ကြင်နာဂရုစိုက်မှုတွေကြောင့် ကျန်းမင်ရှုတစ်ယောက် လုချန်အပေါ် ချစ်ကျွမ်းဝင်ခဲ့တယ်။သူတို့နှစ်ယောက်အတူတူ အန္တရာယ်တွေရင်ဆိုင်ပြီး ဘယ်လိုဖော်ထုတ်ဖြေရှင်းသွားမလဲသူတို့ရဲ့အချစ်ခရီးလေးကရော ဖြောင့်ဖြူးပါ့မလားဆိုတာကိုတော့အတူတူစောင့်မျှော်ကြည့်ရှုလိုက်ရအောင်လားရှင့်