Red sleeves မှာ အကြီးအကျယ် ဒူးနဲ့မျက်ရည်သုတ်ကာ ဝမ်းနည်းပက်လက် ကြေကွဲခဲ့ရတဲ့ ပရိသတ်တွေအတွက်အခုတစ်ခါမှာတော့ မင်းသား Lee Jun Ho ရဲ့ “ King the Land “ အမည်ရတဲ့ ဟာသဇာတ်နှော ရိုမန့်ကားလေးတစ်ကားကိုဒီနေ့ Netflix ကနေ စတင်ပြီးကြည့်ရှုရတော့ဖြစ်ပါတယ် ,,,မင်းသမီးကလည်း Girl Generation က ပြည်သူ့အချစ်တော် Yoona ဖြစ်တဲ့အတွက်…တကယ်ကို Visual မိုက်တဲ့စုံတွဲကို တဝကြီးကြည့်ရတော့မှာမို့ ရင်ခုန်စရာပဲနော်ဒီလို မိမိုက်တဲ့အတွဲရဲ့ဇာတ်လမ်းလေးကတော့နာမည်ကြီးဟိုတယ်တစ်ခုဖြစ်တဲ့ King Hotel ပိုင်ရှင်ရဲ့သူဌေးသား ဂူဝန်ဟာဂုဏ်အရှိန်အဝါကြီးပြီး သူများတွေထက်လည်း တမူထူးခြားတဲ့အပြုအမူအကျင့်စရိုက်ရှိတဲ့သူတစ်ယောက်ပါ ..လုပ်ငန်းဆက်ခံသူတစ်ဦးအနေနဲ့ လုပ်ငန်းသဘောတရားသင်ယူဖို့အတွက် King Hotel မှာ အလုပ်သင်တစ်ယောက်အနေနဲ့ အလုပ်ဝင်ခဲ့ပါတယ်..တဖက်မှာလည်း ဆာရန်းဟာ သွက်လက်ထက်မြက်တဲ့အပြင် သူ့ကိုထိရင်လည်း ပြန်စွာတတ်ပြီးပျော်ပျော်နေတတ်တဲ့ကောင်မလေးတစ်ယောက်ပါ..ဟိုတယ်ဝန်ထမ်းဖြစ်ချင်တဲ့အိပ်မက်ရှိတဲ့သူမဟာ တနေ့မှာ King Hotel မှာ အလုပ်ဝင်ခွင့်ရရှိခဲ့ပြီးသူ့အိပ်မက်ဟာ လက်တွေ့ဖြစ်လာခဲ့ပါတယ်..ဒီလိုနဲ့ပဲ King Hotel မှာ ဂျစ်ကန်ကန်သူဌေးသားလေး နဲ့ ခပ်စွာစွာကောင်မလေးတို့ရဲ့ ရေစက်ကံကြမ္မာဟာစတင်လာပါတော့တယ် နှစ်ယောက်သားရဲ့ ဘုနဲ့ဘောက် ကတောက်ကဆလေးတွေကနေဘယ်လိုမျိုးချစ်ကြိုးလေးတွေသွယ်ပြီး ရိုကြမလဲဆိုတာကိုကဲ ခုပဲကြည့်လိုက်ရအောင်…..