Glaskupan FHD

Glaskupan

Crime Drama FHD 2025-04-15 7.1

အမေရိကမှာနေတဲ့ လေလာဟာ သူ့ရဲ့မွေးစားအမေ ဆုံးသွားလို့ ဆွီဒင်ကသူမရဲ့ မြို့ငယ်လေးကိုပြန်လာဖို့ဖြစ်လာပါတယ်။နာရေးကိစ္စတွေပြင်ဆင်ပြီး မပြန်ခင် ငယ်ပေါင်းသူငယ်ချင်း လူဝိစ်နဲ့ မပြန်ခင်မနက်မှာ စကားပြောဖို့ ချိန်ထားခဲ့ပြီး လူဝိစ်ရဲ့အိမ်ကိုအရောက်မှာတော့ လူဝိစ်ဟာ ရေချိုးဇလားထဲမှာ သေဆုံးနေပြီ ဖြစ်ပြီးလူဝိစ်ရဲ့သမီးလေးဟာလည်းပျောက်ခြင်းမလှပျောက်လို့နေပါတယ်။ လူဝိစ်ရဲ့ ခင်ပွန်းနဲ့ယောက်က္ခမတို့ဟာ သူတို့ရဲ့ ဂရာနို့စ်ဆိုတဲ့ မြို့လေးမှာ လူအများကန့်ကွက်နေတဲ့ကြားက မိုင်းတွင်းကုမ္ပဏီအလုပ်လုပ်ကိုင်နေတဲ့ မိသားစုဖြစ်လို့လူမုန်းအတော်များလှပါတယ်။လူဝိစ်သေဆုံးရခြင်းကိစ္စဟာ မိုင်းတွင်းကို လူအများကန့်ကွက်နေကြရင်းလက်စားချေတာလား ခြိမ်းခြောက်တာလားဆိုတဲ့ကိစ္စကိုလည်း ရဲမှူးတိုမာ့စ်တို့ ခေါင်းစားနေရပါတယ်။ဇာတ်လမ်းမြှုပ်ကွက်များစွာနဲ့ စိတ်ဝင်စားဖွယ် ဆွဲခေါ်သွားမယ့် စီးရီးဇာတ်လမ်းတိုလေးဖြစ်လို့movie နဲ့လည်းအားမရ စီးရီးအရှည်ကြီးတွေလည်း မကြည့်အားတဲ့လူတွေအတွက်သင့်လျော်မယ့် ဇာတ်အိမ်မျိုးဖြစ်လို့ ကြည့်ကိုကြည့်သင့်တဲ့ စီးရီးမျိုးဖြစ်ပါတယ်။

အပိုင်းများ

Season - 1