ဂန်ဆန်းဟျော့ (Park Hae-Jin) ဟာဆိုရင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ RLI ရဲ့ မန်နေဂျာချုပ်ပါဆန်းဟျော့က ငယ်စဥ်က စိတ်ဒဏ်ရာကြောင့် ဆယ်နှစ်မတိုင်ခင်က ကိစ္စတွေကို မမှတ်မိပါဘူး ။တစ်နေ့မှာ အရေးကြီးပရောဂျက်နဲ့ပတ်သက်ပြီး ဆွေးနွေးနေကြတုန်းမှာပဲ ဆန်းဟျော့တစ်ယောက်မူးလဲသွားပါတော့တယ် ။ဆန်းဟျော့လည်း ဆေးရုံတင်လိုက်ရပြီး အဲဒီဆေးရုံမှာ ခွဲစိတ်ဆရာဝန်မလေး ဂျောင်ယောင်းဂျယ်(Cho Bo-Ah) တွေ့ဆုံခဲ့ရပါတယ် နှစ်ယောက်ရဲ့ ဆုံစည်းမှုကတော့ မပြေလည်မှုပေါင်းများစွာနဲ့ပဲလမ်းခွဲဖြစ်ခဲ့ကြတာပေါ့ .. ။ဆန်းဟျော့ ဆေးရုံကဆင်းတဲ့နောက်မှာ သူ့ရဲ့ပရောဂျက်ကို တခြားဌာနက လုသွားပြီဖြစ်လို့ပရောဂျက်အကြောင်း အသေးစိတ် လိုက်စုံစမ်းရင်း မီယောင်းတောအုပ်နဲ့ ပတ်သက်ပြီးမသင်္ကာစရာအချက်ကို တွေ့ရှိလိုက်ရပါတယ် .. ။ဒါကြောင့် ဆန်းဟျော့လည်း မီယောင်းတောအုပ်အကြောင်း စုံစမ်းဖို့အတွက် အထူးကယ်ဆယ်ရေးအဖွဲ့ထဲကို အယောင်ဆောင်ပြီး အလုပ်ဝင်လိုက်ပါတော့တယ် .. ။တစ်ဖက်မှာလည်း ဂျောင်ယောင်းဂျယ်က မတော်တဆဖြစ်ရပ်တစ်ခုကြောင့် နယ်ကဆေးရုံခွဲဆီ တာဝန်ရွှေ့ပြောင်းချထားခံလိုက်ရပါတယ် .. ။ဒီလိုနဲ့ ယောင်းဂျယ်လည်း မီယောင်းတောအုပ်ထဲကို အရေးပေါ်ဆေးကုသဖို့ စေလွှတ်ခံရပြီးဆန်းဟျော့နဲ့ ပြန်လည်ဆုံစည်းဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့…ဆန်းဟျော့တစ်ယောက် ယောင်းဂျယ်ကိုရော ကယ်ဆယ်ရေးအဖွဲ့ကိုပါ အဆုံးအထိလျှို့ဝှက်ထားပြီး သူ့ရဲ့ပရောဂျက်ကို ပြန်လည်ရယူသွားနိုင်မလား ..ဆန်းဟျော့နဲ့ ယောင်းဂျယ်တို့ မကြာခင် သိရှိသွားမဲ့ မီယောင်းတောအုပ်ရဲ့ လျှို့ဝှက်ချက်ကရောဘာများဖြစ်နေမလဲဆိုတာကိုတော့ ဒရမ်မာလေးထဲမှာပဲ ပဟေဠိဆန်ဆန် ဆက်လက်ကြည့်ရှုလိုက်ကြစို့နော် ..