အမီလီယာ ဆိုတဲ့ အမေရိကန် ကောင်မလေးတစ်ယောက် ကယ်လီဖိုးနီးယားကနေပြီးခရီးရှည်နှင်ကာ လန်ဒန်မြို့ကိုတက်လာခဲ့ပါတယ်။ သင်္ဘောပေါ်မှာ ကလယ်ရာဆိုတဲ့သံအမတ်သမီးနဲ့တွေ့ကာ မိတ်ဆွေတွေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဆင့်အတန်းချင်းကမိုးနဲ့မြေမလို့ ခပ်ခွာခွာပဲနေခဲ့ရပါတယ်။ ဒီလိုနဲ့ အမီလီယာတစ်ယောက်လန်ဒန်မြို့ကို ရောက်လာခဲ့ပါတယ်။လန်ဒန်ကိုဘာလို့လာလည်းဆိုတော့ ရှားလော့်ခ်ဟုမ်းစ်နဲ့တွေ့ဖို့ပါ။ ရှားလော့ခ်ဟုမ်းစ်ဆိုတာသိတဲ့အတိုင်း မြို့ရဲ့ ပြယုဒ် နိုင်ငံရဲ့ဂုဏ်ဆောင်၊ ဘုရင်မကြီးကိုယ်ပိုင် ပစားရတဲ့လူ။ဆိုတော့ကာ အမီလီယာတစ်ယောက်အနေနဲ့တွေ့ဖို့ ခက်ခဲခဲ့ပါတယ်။ ကံကအကြောင်းဖန်တော့တွေ့ခဲ့ရပေမယ့်တွေ့တဲ့အချိန်မှာပဲ သံအမတ်ကြီးရဲ့သမီး ကလယ်ရာပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။ဒီလိုနဲ့ အခင်းဖြစ်တဲ့နေရာကို ရှားလော့ခ်တစ်ယောက် အတင်းအကြပ်တောင်းဆိုခံရလို့လိုက်သွားပါတော့တယ်။ကလယ်ရာနဲ့ဆုံဖူးတဲ့ အမီလီယာလည်း ဘေးကပါလာခဲ့ပါတယ်။ဒါပေမဲ့ ရှားလော့ခ်မှာ ကိစ္စတစ်ခုရှိနေပါတယ်။ အဲဒီကိစ္စကိုဘယ်သူမှမသိပါဘူး။ပြီးတော့ အမီလီယာလန်ဒန်ကိုရောက်လာတဲ့အကြောင်းကလည်း ထူးဆန်းလှပါတယ်။ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ကြည့်လိုက်ကြပါခင်ဗျာ။