အထက်တန်းဒုတိယနှစ်ပြီးလို့ နောက်ဆုံးနှစ်ရောက်နေပြီဖြစ်တဲ့ ချင်န် ကတော့စာရော အားကစားမှာရောပါ ထူးချွန်ထက်မြက်တဲ့သူတစ်ယောက် …..အချစ်ဆိုတာကို ချင်န် တစ်ယောက်ကိုယ်တိုင်မခံစားဖူးသေးတော့သူ့ရဲ့ဘဝမှာအချစ်ဟာ အရေးမပါတဲ့ အချိန်ဖြုန်းမှုသက်သက်ပဲလို့မှတ်ယူထားတဲ့သူလေးပေါ့ကီ ကတော့ အတန်းထဲမှာ ဘိတ်ချေးလေးစာဂျပိုး ချင်န် တစ်ယောက် ဘိတ်ချေးလေး ကီ ကို စာပြပေးဖို့ အကြောင်းဖန်လာတဲ့အခါစာကလွဲပြီးကျန်တာစိတ်မဝင်စားတတ်တဲ့ ချင်န်ကို ကီတစ်ယောက်ပြောင်းလဲပေးလိုက်ပြီးဘယ်လိုရင်ခုန်စရာကိစ္စလေးတွေ သူတို့နှစ်ယောက်ကြား ပေါ်လာမလဲအသည်းခွဲဘုရင်မဟုတ်ဘဲ အသည်းကွဲဘုရင်လေးဖြစ်တဲ့ ကင်မ်လေးကတော့ လက်ချိုးရေလို့မနိုင်အောင်ပင် ကွဲပြီးရင်းကွဲနေပေမဲ့လည်းအထက်တန်းမပြီးခင်ရည်းစားလေးတစ်ယောက်တော့ ထားရမှာပဲဆိုပြီး ရည်ရွယ်ချက်ထားထားတဲ့သူလေးပေါ့ဒါနဲ့ ကျောင်းပြောင်းလာတဲ့ကျောင်းသားသစ်လေးဖြစ်တဲ့ မွန်း ကို ကြွေသွားတဲ့ ကင်မ်ကတော့ မွန်းကို ကြူးဖို့ ခြေလှမ်းစပါတော့တယ်ကင်မ်ရဲ့ဒီတစ်ခေါက်အချစ်ရေးကရော ဘယ်လိုဖြစ်သွားမလဲကျောင်းတက်ရင်းရည်းစားထားရတဲ့ ခံစားချက်လေးကို ခံစားကြည့်ရမှာပါ