Heavenly Ever After 천국보다 아름다운 FHD

Heavenly Ever After 천국보다 아름다운

Sci-Fi & Fantasy FHD 2025-04-19 7

အီဟယ်ဆုဆိုတဲ့ အမျိုးသမီးကတော့ ခင်ပွန်းဖြစ်သူရဲ့ “မင်းက အသက်၂၀ကျော်တုန်းကလည်း လှတယ်..အသက်၄၀ကျော်တုန်းကလည်း လှတယ်.. ဒါပေမဲ့ အခုအချိန်မှာ အလှဆုံးပဲ” ဆိုတဲ့ စကားတစ်ခွန်းကြောင့်ပဲသူသေဆုံးပြီး ကောင်းကင်ဘုံကို ဝင်တော့မဲ့အချိန်မှာ မိမိဖြစ်စေချင်တဲ့ အရွယ်ကို ‌‌ရွေးလို့ရတာတောင်မှသူသေဆုံးခဲ့တဲ့ အရွယ်ဖြစ်တဲ့ အသက် ၈၀အရွယ်အနေနဲ့ပဲ ကောင်းကင်ဘုံကို ဝင်ရောက်ပြီး ခင်ပွန်းဖြစ်သူနဲ့ပြန်လည်တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့တဲ့သူပါ။ဒါပေမဲ့ ကောင်းကင်ဘုံကို ရောက်တဲ့အခါမှာတော့ သူ့ခင်ပွန်းဖြစ်သူက လက်ရှိအရွယ်ပုံစံနဲ့မဟုတ်ဘဲငယ်ဘဝပုံစံအဖြစ် ရှိနေတာကို တွေ့လိုက်ရတော့တယ်။ဒီလိုနဲ့ ကောင်းကင်ဘုံတစ်ခုလုံးမှာ အသက် ၈၀ အရွယ်ဆိုလို့ အီဟယ်ဆို တစ်ယောက်တည်းဖြစ်နေတော့တာပေါ့။ကောင်းကင်ဘုံကိုအရင်ကြိုရောက်နေခဲ့တဲ့ အီဟယ်ဆုရဲ့ ခင်ပွန်း ဂိုနာ့ဂျွန်းဟာ ကမ္ဘာမြေကဆုတောင်းတွေကိုပို့ပေးတဲ့ စာပို့သမားအနေနဲ့ အလုပ်လုပ်နေပြီး ကောင်းကင်ဘုံမှာ အိမ်လှလှလေး တစ်လုံးဆောက်ကာသူ့ဇနီးနဲ့ပြန်ဆုံဖို့ကို စောင့်နေခဲ့သူပဲဖြစ်တယ်။ကောင်းကင်ဘုံမှာ ပြန်ဆုံတွေ့ကြမဲ့ အသက်အရွယ်မတူတော့တဲ့ အီဟယ်ဆုနဲ့ ဂိုနာ့ဂျွန်းတို့ နှစ်ယောက်ကောင်းကင်ဘုံမှာ ဘဝအသစ်ကို ဘယ်လိုတည်ထောင်သွားကြမလဲဆိုတာကို စနေ၊ တနင်္ဂနွေတိုင်းမှာ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။