The Stolen Girl FHD

The Stolen Girl

Drama Mystery FHD 2025-04-16 6.133

အလီဆာဆိုတဲ့အမျိုးသမီးက ကိုယ်ပိုင်ဂျက်လေယာဉ်တွေပေါ်က လေယာဉ်မယ်တစ်ယောက်ဖြစ်ပြီး သူ့အလုပ်ကြောင့်သမီးဖြစ်သူ လူစီယာ့ကိုကျောင်းကြိုတာအမြဲတမ်းနောက်ကျနေကျ အမေတစ်ယောက်ဖြစ်ပါတယ်။ဒီနေ့လည်းထုံးစံအတိုင်းလေယာဉ်နောက်ကျလို့ လူစီယာ့ကိုလာကြိုတာလည်းနောက်ကျနေတဲ့အချိန်မှာ ကျောင်းကိုအသစ်ပြောင်းလာပြီး လူစီယာနဲ့အရမ်းခင်နေတဲ့ဂျိုဆက်ဖင်းဆိုတဲ့ကောင်မလေးနဲ့သူ့အမေဖြစ်သူရေဘက်ကာတို့က လူစီယာ့ကိုအဖော်ပြုရင်းစောင့်ပေးနေတာကိုတွေ့လိုက်ရပါတယ်။လူစီယာကလည်း ဂျိုဆက်ဖင်းကိုအရမ်းချစ်နေတော့ ဂျိုဆက်ဖင်းအိမ်မှာလိုက်ကစားချင်တယ်ဆိုပြီးပူဆာရာကနေ အိမ်မှာတစ်ညအိပ်ဖို့ခွင့်တောင်းတဲ့အဆင့်အထိရောက်သွားပါတော့တယ်။ဒီလိုနဲ့ အလီဆာတစ်ယောက် သမီးဖြစ်သူအတွက် ကိုယ်တိုင်ကိုယ်ကျ ညအိပ်ဖို့ပစ္စည်းတွေကိုယ်တိုင်ကိုယ်ကျ ဂျိုဆက်ဖင်းတို့အိမ်ကိုသွားပို့ပေးပြီးနောက်နေ့မှာတော့ သူ့သမီးပျောက်နေတယ်ဆိုတဲ့သတင်းကိုယောက်ျားဖြစ်သူကနေတစ်ဆင့်ကြားလိုက်ရပါတော့တယ်။ဂျိုဆက်ဖင်းတို့အိမ်ကိုသွားကြည့်တော့လည်း အိမ်ကြီးကအပန်းဖြေအငှားအိမ်ဖြစ်နေပြီး လူစီယာ ဂျိုဆက်ဖင်းနဲ့ရေဘက်ကာတို့ရဲ့ သတင်းအစအနတစ်ခုမှမကြားရတဲ့အချိန်မှာတော့ ခေါင်းတွေမီးတောက်ပြီး သမီးဖြစ်သူကို လိုက်ရှာရတဲ့အမေတစ်ယောက်ရဲ့သောကနဲ့ ဘယ်လောက်ပဲယုံကြည်နေပါစေသူစိမ်းတစ်ယောက်ရဲ့လက်ထဲမှာ ကိုယ့်ကလေးကိုမအပ်ထားခဲ့သင့်ပုံတွေကိုထောက်ပြထားတဲ့ Series ကောင်းတစ်ခုပဲဖြစ်ပါတယ်။

အပိုင်းများ

Season - 1