ဒီ series လေးကတော့ ၂၀၂၅ ခုနှစ်ထွက် Family/Comedyအမျိုးအစား Series လေးဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ on going ဆက်လက်ထွက်ရှိနေဆဲဖြစ်ပြီး IMDb rating 6.2/10 ရရှိထားပါတယ်။ဟမ့်တန်ချိန်ဘာ ဟာ ချက်လက်မှတ်အတုပြုလုပ်မှုနဲ့ထောင်ထဲရောက်နေသူပါ၊ ငယ်စဉ်ကတည်းကလည်းထောင်ကို အိမ်ဦးနဲ့ကြမ်းပြင်လိုသွားနေသူမို့ သိပ်မစိမ်းလှပါဘူး။ ဒီလိုနဲ့ နောက်ဆုံးနောက် ၃နှစ်ကျသွားချိန်မှာတော့သူ့ကိုယ်သူပြုပြင်ပြောင်းလဲဖို့ စပြီးကြိုးစားပါတော့တယ်။စက်မှုလက်မှုစိတ်ဝင်စားတဲ့ ဟမ့်တန် ဟာ ထောင်ထဲမှာနေစဉ်အတွင်း အလိုအလျောက်ချွန်နိုင်တဲ့ လွန်ပူစက်တစ်ခုကို တီထွင်ခဲ့ပါတယ်။ အပြင်ပြန်ရောက်တဲ့အခါဒီနည်းပညာနဲ့ လုပ်ကိုင်စားသောက်မယ်ဆိုတဲ့အတွေးနဲ့ပေါ့။ဒီလိုနဲ့ပဲ စိတ်အားတက်ကြွနေခဲ့တဲ့ ဟမ့်တန်ဟာ ထောင်ကလွတ်လာချိန်မှာတော့ မြို့ရဲ့လူမိုက်စီးပွားရေးညီနောင်တစ်အုပ်ကို မမျှော်လင့်ပဲအကြွေးတွေတင်၊ ဇနီးနဲ့သားနှစ်ယောက်တို့နဲ့လည်း အနေအရမ်းဝေးခဲ့တာကြောင့်သွေးအေးပြီး အပူမီးဝိုင်းကာ ဂယက်ထပါတော့တယ်။ဟမ့်တန်တစ်ယောက် အကြွေးဂယက်တွေ ဘယ်လိုဖြေရှင်းမလဲ…မိသားစုပြဿနာတွေရော ပြေလည်သွားနိုင်မလား ….ဟာသရောရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ series ကောင်းလေးဖြစ်တာမို့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။