How to Sell Drugs Online (Fast) FHD

How to Sell Drugs Online (Fast)

Comedy Crime Drama FHD 2019-05-31 8

အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံးလူငယ်တွေတော်တော်များများကြိုက်ကြတဲ့ Netflix Seriesတွေထဲက IMDb Rating 7.8 အထိရရှိထားတဲ့ နာမည်အဆန်းကြီးနဲ့ How to Sell Drugs Online (Fast) ရဲ့ Season 4 ကိုဆက်လက်တင်ဆက်ပေးလိုက်ပါပြီ။သိပြီးတဲ့လူတွေကတော့ ဇာတ်လမ်းအကြောင်းကို သိပြီးကြပြီဖြစ်လောက်ပေမဲ့ မကြည့်သေးရတဲ့လူတွေအတွက် အနည်းငယ်တော့အကျဉ်းချုပ်ပြောပြပေးပါ့မယ်။မိုရစ်ဇ်နဲ့ လန်နီဆိုတဲ့ ငယ်ပေါင်းသူငယ်ချင်းနှစ်ယောက်လုံးကကွန်ပြူတာဂျပိုးတွေဖြစ်ပြီး လူငယ်သဘာ၀ ပိုက်ဆံရဖို့နည်းလမ်းတွေစမ်းကြည့်ရာကနေ တော်တော်ကြီးတဲ့ လိုင်းပေါ်မှာမူးယစ်ဆေးတင်ရောင်းရတဲ့ ဝက်ဘ်ဆိုက်ဒ်ကြီးထောင်ခဲ့ကြပြီးအချိန်တန်တဲ့အခါမှာတော့ ရဲတွေသိသွားပြီး မိုရစ်ဇ်ကိုဖမ်းခဲ့ကြပါတော့တယ်။သူငယ်ချင်းဖြစ်သူကို အပါမခေါ်ဘဲတစ်ယောက်တည်းထောင်ထဲဝင်သွားခဲ့တဲ့ မိုရစ်ဇ်အတွက်ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့ပေမဲ့ ၄ နှစ်ကြာတဲ့အခါမှာတော့ခြေချုပ်နဲ့ပြန်လွတ်လာပါတော့တယ်။သူပြန်လွတ်လာတဲ့အခါမှာတော့ ကမ္ဘာကြီးက တော်တော်ပြောင်းလဲနေပြီးသူငယ်ချင်းတွေကလည်း အသီးသီး ဘ၀ကိုယ်စီရှိနေကြပါပြီ။သူ့အချစ်ဆုံးသူငယ်ချင်းလန်နီကလည်း သားနဲ့မယားနဲ့ဖြစ်နေပြီးတခြားသူငယ်ချင်းဖြစ်တဲ့ ဒန်နီရယ်ကတော့ သူတို့နှစ်ယောက်ပေါင်းအကြံထုတ်ထားတဲ့ ဂိမ်မာတွေအတွက်အားဖြည့်အချိုရည်ကုမ္ပဏီကြီးရဲ့ CEO ဖြစ်နေပြီး ထောနေပါတော့တယ်။မိုရစ်ဇ်က အဲ့ဒီကိစ္စဒန်နီရယ်နဲ့ သွားရင်ဆိုင်တဲ့အခါမှာ ရသင့်ရထိုက်တာကိုမရတဲ့အပြင် သူငယ်ချင်းအချင်းချင်းရှယ်နှိမ်လိုက်တော့ အခုမှထောင်ထဲကလွတ်လာတဲ့မိုရစ်ဇ်တစ်ယောက်ထောင်ထဲလည်းပြန်မဝင်ရအောင် သူပိုင်ဆိုင်သင့်တဲ့ပိုင်ဆိုင်မှုကိုလည်း ပိုင်ဆိုင်ရဖို့အတွက် ဘယ်လိုတွေအကြံထုတ်ပြီး ဘာတွေဆက်လုပ်သွားဦးမလဲဆိုတာကို Season 4 မှာထုံးစံအတိုင်းမပျင်းရဘဲ ရှုစားရဦးမှာပဲဖြစ်ပါတယ်။

အပိုင်းများ

Season - 1