၁၉၁၉ခုနှစ် ဧပြီလ ၁၃ရက်နေ့၊ အမ်ရစ်ဆာမှာရှိတဲ့ ဂျယ်လီယန်ဝါလာဘာ့ဂ်ရင်ပြင်မှာလုပ်တဲ့ငြိမ်းချမ်းစွာစုရုံးဆန္ဒပြတဲ့ပွဲမှာဗြိတိသျှဗိုလ်မှူးချုပ်တစ်ယောက်အမိန့်နဲ့ရက်ရက်စက်စက်ပစ်သတ်ခြင်းခံခဲ့ရပြီး အိန္ဒိယပြည်သူအယောက်လေးရာနီးပါးသေဆုံးခဲ့ပါတယ်။ဒီစီးရီးကတော့ အထက်ကဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ အပိုင်းခြောက်ပိုင်းနဲ့ သမိုင်းနောက်ခံဝက်ဘ်စီးရီးပါ။အကြောင်းပြချက်တစ်ခုမှမပေးဘဲ အိန္ဒိယပြည်သူမည်သူကိုမဆိုတရားရုံးမတင် စစ်ဆေးမေးမြန်းခြင်းမရှိဖမ်းဆီးထောင်ချခွင့်ရှိတဲ့ ရိုးလတ်အက်ဥပဒေကို ၁၉၁၉ခုနှစ် အိန္ဒိယမှာဗြိတိသျှအစိုးရက ပြဌာန်းခဲ့တယ်။မဟတ္တမဂန္ဒီက ဒီဥပဒေကို ဆတ်တယာဂရာဟာအကျင့်လို့ခေါ်တဲ့အကြမ်းမဖက်ဆန္ဒထုတ်ဖော်မှုနဲ့ဆန့်ကျင်ကြဖို့ ဆော်ဩခဲ့ပါတယ်။ဧပြီလ ၁၃ရက်နေ့မှာတော့ အမ်ရစ်ဆာမှာရှိတဲ့ ဂျယ်လီယန်ဝါလာဘာ့ဂ်ရင်ပြင်မှာ ဒီဥပဒေကိုအကြမ်းမဖက်ဆန္ဒထုတ်ဖော်ဖို့ စုဝေးကြရာမှာ ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင်အရွယ်စုံအတန်းစားစုံအိန္ဒိယပြည်သူတို့ တက်ရောက်ခဲ့ကြပါတယ်။ဗိုလ်မှူးချုပ်ဒိုင်ယာက ဒီစုရုံးမှုကို သိသိကြီးနဲ့လွှတ်ထားပေးပြီးမှ အကြမ်းဖက်သုတ်သင်ရှင်းလင်းဖို့စီစဉ်ခဲ့ပါတော့တယ်။ဒီစီးရီးမှာတော့ အဲဒီအဖြစ်အပျက်ဖြစ်ပွားစဉ်အခြေအနေနဲ့ ဖြစ်ပွားပြီး ဗိုလ်မှူးချုပ်ကိုစစ်ခုံရုံးတင်စစ်ဆေးတဲ့အခြေအနေတွေကိုစိတ်ဝင်စားဖွယ်တင်ပြထားတာမို့ ကြည့်ရှုအားပေးကြပါဦး။