ဟန်မူချော (ခေါ်) K-Scrooge ဟာ ဒယ်ဝန်းအဆောက်အဦပိုင်ရှင်ဖြစ်ပြီး ငွေသည်သာအရာရာလို့သတ်မှတ်ထားသူပါ။ မိသားစုထက် ငွေရှာရတာကိုပိုကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးငွေကို ဒီထက်မကပို ရချင်ဇောနဲ့ ရှာရာကနေ တစ်နေ့မှာတော့ အလိမ်ခံလိုက်ရပါတော့တယ်…ဂင်ဒယ်ရှစ်ကတော့ ကျောင်းတုန်းက ဟန်မူချောနဲ့ ပြိုင်ဘက်ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ဟန်မူချောရဲ့အိမ်ငှားတစ်ယောက်သာ ဖြစ်နေပါတော့တယ်။ ဒယ်ဝန်းအဆောက်အအုံပထမထပ်မှာ မိန်းမဖြစ်သူနဲ့အတူ ကြက်ကြော်ဆိုင်ဖွင့်ထားပြီး ငွေမရှိပေမဲ့ မိသားစုအပေါ်စိတ်ရောကိုယ်ပါ မြှုပ်နှံထားသူပါ။အီဒင်းအိမ်ခြံမြေအကျိုးဆောင်ပိုင်ရှင်ဖြစ်တဲ့ ချွဲဂယူထယ်ကတော့ ဟန်မူချော ,ဂင်ဒယ်ရှစ်တို့နဲ့သူငယ်ချင်းဖြစ်ပြီး VIP ဖောက်သည်ဖြစ်တဲ့ ဟန်မူချောအပေါ် ကျေးဇူးတင်စိတ်ရှိသူပါ။မိန်းမဖြစ်သူ ဆုံးပါးသွားပြီးနောက် သားလေးကိုတစ်ယောက်တည်း ပျိုးထောင်လာရင်းတစ်နေ့မှာ သားဖြစ်သူ နှလုံးခွဲစိတ်ဖို့အတွက် ခွဲစိတ်ခလိုအပ်လာတဲ့အခါမှာတော့….ပိုက်ဆံရှိတဲ့လူ ,ပိုက်ဆံမရှိတဲ့လူနဲ့ ပိုက်ဆံရှိချင်တဲ့ သူငယ်ချင်းသုံးယောက်တို့နဲ့ သူတို့မိသားစုတွေမှာ ဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလေးတွေကို တနင်္လာနေ့ကနေ သောကြာနေ့အထိတစ်ပတ်ကို ၅ ပိုင်း တင်ဆက်သွားပေးမှာဖြစ်လို့ ကြည့်ရှုခံစားပေးကြပါဦးနော်။