သင် စုံထောက်လျှို့ဝှက်ဆန်းကျယ် ဇာတ်လမ်းမျိုးကိုကြိူက်တတ်တယ်ဆိုရင်ရောဒီ Series ကိုကြည့်ကိုကြည့်သင့်ပါတယ်။Irish စုံထောက်ဇာတ်လမ်းမျိုး ဖြစ်ပြီးတော့ Rating တွေကလည်းကောင်းကောင်းရထားပါတယ်။ ဇာတ်လမ်းးအကျဉ်းကတော့ဒတ်ဘလင် မြို့ကနေပြီးတော့ သူ့ရဲ့ ကြမ်းကြမ်းရမ်းရမ်းကိုင်တွယ်မှုတွေကြောင့်စုံထောက် ဖီယာလူစီဟာ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ မြို့လေးကို အပြစ်ပေးမှုအနေနဲ့ပြန်ပို့ခံလိုက်ရပါတယ်။ဒီမြို့လေးမှာပဲ သူနဲ့ငယ်ငယ်ကတည်းက သိတဲ့ ယိုရှင် ဆိုတဲ့ မိန်းမကပျောက်တဲ့အမှုကိုသူ့ကိုပေးကိုင်လိုက်ပါတော့တယ်။ ဒါပေမဲ့ ဒီတစ်ခါမှတော့ ရိုးရိုးတန်းတန်းလူပျောက်မှုမဟုတ်ပဲလူသတ်မှု ဖြစ်နေပါတော့တယ်။ဒီတော့ ဖီယာအနေနဲ့ သူ့မြို့မှာလည်း အတိတ်ဆိုးတွေ ရှိခဲ့ပြီးတော့ဒီလူသတ်မှုကလည်း သပွတ်အူလိုရှုပ်ထွေးလာပါတော့တယ်။အညွှန်းအရှည်ကြီးမဖတ်တော့ပဲ အခုပဲကြည့်လိုက်ဖို့ တိုက်တွန်းလိုက်ချင်ပါတော့တယ်။