North of North FHD

North of North

Comedy FHD 2025-01-07 5.75

အားလပ်ရက်လေးမှာ ပေါ့ပေါ့ပါးပါးလေးကြည့်လို့ရမယ့် Sitcom လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ထူးထူးခြားခြား IMDb 7.8/10 Rotten tomatoes 100% ထိရထားလို့ Comedy serie ကောင်းလေးပါ။အာတိတ်က ရွာငယ်လေးတစ်ရွာက Inuk အမျိုးသမီးလေးတစ်ယောက်ကို အခြေခံထားပြီးတော့ဓလေ့ ရိုးရာတွေရဲ့ အမျိုးသမီးတွေကို အိမ်ရှင်မအဖြစ်နဲ့ ပိတ်လှောင်ခံထားရတဲ့နေရာကနေ ဖောက်ထွက်မယ့်တက်ကြွတဲ့မိန်းကလေးတစ်ယောက် Siaja … သမီးလေးတစ်ယောက် အများကလေးစားသဘောကျကြတဲ့ယောကျ်ားကိုပိုင်ဆိုင်ထားလို့ အချို့ကတော့ မနာလိုနေကြတာ၊ တကယ်တမ်းသူ့ဘဝမှာတော့ အလုပ်လက်မဲ့အိမ်တွင်းပုန်းလိုခံစားနေရပြီး ခံစားချက်တွေမျှဝေခွင့်မပေးဘဲတစ်ကိုယ်ကောင်းဆန်တဲ့ ယောကျ်ားကြောင့် အတော်ကြီးကိုစိတ်ကုန်နေသူပါ။ဒီလိုနဲ့ သူ့ကိုယ်သူဦးစားပေးပြီး ရုန်းထွက်ဖို့ ဖောက်ထွက်ဖို့ ကြိုးစားရင်း အလွဲလေးတွေသူတို့ဓလေ့ချစ်စရာရိုးရာတွေ လှပတဲ့ရှုခင်းတွေ ရယ်မောသံတွေနဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။