အသစ်ထွက်ရှိလာတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဗြိတိသျှSeries ကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။အဓိကဇာတ်ဆောင်တွေကို ဆွံ့အနားမကြားသူတွေအနေနဲ့သရုပ်ဆောင်ခိုင်းပြီး တစ်ကားလုံးနီးပါး လက်ဟန်အမူအရာနဲ့ဒိုင်ယာလော့တွေကို ပြောသွားတာကလည်း တစ်မျိုးတစ်ပါးကွဲထွက်စိတ်ဝင်စားစရာကောင်းနေပါတယ်။အဓိကအားဖြင့်ကတော့ ဒီကမ္ဘာကြီးက တခြားသူတွေနဲ့ယှဉ်လိုက်ရင် ဆွံ့အနားမကြားသူတွေအတွက် ပိုမိုခက်ခဲပြီးကြမ်းတမ်းတဲ့နေရာဖြစ်ကြောင်းကို ဒရာမာဆန်ဆန် စိတ်ဝင်စားစရာဇာတ်ညွှန်းနဲ့ ရိုက်ကူးတင်ဆက်ထားတာမျိုးဖြစ်ပါတယ်။ဒီ Series ရဲ့နာမည်ကိုတော့ Reunion လို့နာမည်ပေးထားပြီးလက်ရှိ IMDb Rating 6.8 အထိရရှိထားပါတယ်။ဒီဇာတ်ကားရဲ့အဓိကဇာတ်ဆောင်ကတော့ ဒန်နီရယ်ဘရန်နန်ဆိုတဲ့ ဆွံ့အနားမကြားသူတစ်ယောက်ဖြစ်ပြီး သူက သူ့ရဲ့ငယ်သူငယ်ချင်း ရေးကို သတ်တဲ့အမှုနဲ့ထောင်ကျခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ထောင်သက်စေ့ပြီး လွတ်လာတဲ့အခါမှာတော့ဒီဇာတ်လမ်းက တကယ်စတင်လာခဲ့တာဖြစ်ပါတယ်။သူထောင်ကျပြီး ထောင်ကလွတ်လာတဲ့အထိ သူ့သူငယ်ချင်းကိုဘာလို့သတ်ခဲ့တယ်ဆိုတာကို တစ်ခွန်းတစ်လေတောင်မဟခဲ့တဲ့အတွက် ရေးရဲ့ ကျန်ရစ်ခဲ့တဲ့ဇနီးနဲ့သမီးဖြစ်သူတို့ကလည်းဒီအကြောင်းကိုအရမ်းသိချင်နေခဲ့ကြပါတယ်။သူထောင်ကလွတ်လာတယ်ဆိုပေမဲ့ ခြေချုပ်နဲ့စောလွတ်ပေးခဲ့တာဖြစ်တဲ့အတွက် သူမဟုတ်တာတစ်ခုခုလုပ်ရင်တော့ ချက်ချင်းထောင်ထဲပြန်ဝင်ရမှာဖြစ်ပါတယ်။ဒါပေမယ့် ဒန်နီရယ်က အဲ့ဒီခြေချုပ်စည်းကမ်းတွေတစ်ခုမှဂရုမစိုက်ဘဲ လွတ်လာပြီးကတည်းကသူသွားချင်ရာသွား လုပ်ချင်ရာလုပ်နေခဲ့ပါတော့တယ်။ဒီလိုနဲ့မှ ဇာတ်ရှိန်ကတဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး တော်တော်များများသိချင်နေကြတဲ့ သူနဲ့အရမ်းခင်တဲ့ ငယ်ပေါင်းသူငယ်ချင်းကိုဘာလို့သတ်ပစ်ခဲ့ရတယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို လှလှပပ နက်နက်ရှိုင်းရှိုင်း နစ်မြှုပ်ထားပုံတွေကို စိတ်ဝင်စားစရာရှုစားရမှာဖြစ်ပါတယ်။