ဇာတ်လမ်းအကျဉ်းကတော့ ကိုလ်ကတ္တားမြို့မှာ ဒုစရိုက်လုပ်ငန်းမျိုးစုံလုပ်တဲ့ဒုစရိုက်ဂိုဏ်းက ဂိုဏ်းခေါင်းဆောင်ကြီး ဘာဂါဟာ ဘယ်လောက်သြဇာကြီးသလဲဆိုရင်တော့အာဏာရပါတီက နိုင်ငံရေးသမားတွေကိုယ်တိုင် သူ့ဘက်မှာရှိနေတဲ့အထိပါဒါကြောင့် အာဏာရပါတီက သတင်းမီဒီယာထက်မှာ နာမည်ဆိုးရလာတဲ့အခါ ရာဇဝတ်မှု ဟန်ပြနှိမ်နှင်းဖို့နာမည်ကောင်းထားရတဲ့ အရာရှိဆပ်တာရှီကို အဖမ်းအဆီးတွေလုပ်ဖို့ တာဝန်ပေးပြီးတစ်ဖက်မှာတော့ ဒုစရိုက်ဂိုဏ်းရဲ့ လုပ်ငန်းတွေကိုအဖမ်းအဆီးမလုပ်ခင် ရှောင်တိမ်းဖို့ သတင်းကြိုပေးထားတာပါရိုးသားဖြောင့်မတ်တဲ့ ရဲအရာရှိဆပ်တာရှီလိုလူတစ်ယောက်တည်းနဲ့ ဂိုဏ်းကြီးတစ်ခုလုံးကို ဖြိုနိုင်ပါ့မလား