Aoshima-kun is a Bully! 青島くんはいじわる FHD

Aoshima-kun is a Bully! 青島くんはいじわる

Comedy FHD 2024-07-06 7.5

အာအိုရှိမနဲ့ ယူကီနိုဟာ ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်ပေမဲ့ တစ်ခါမှ မျက်မှန်းမတန်းမိကြပါဘူး။ တစ်နေ့မှာတော့ ယူကီနို သွားတတ်တဲ့ စားသောက်ဆိုင်တစ်ခုမှာမတော်တဆတွေ့ကြရာကနေ အတူတူထိုင်ဖို့ ဖြစ်လာရင်း ရင်းနှီးသွားကြပါတယ်။ဒီအချိန်မှာ ယူကီနိုဆီကို .. လက်ထပ်တော့မယ့် သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာတဲ့အခါ“ချစ်သူကောင်လေးနဲ့အတူ မင်္ဂလာဆောင်လာခဲ့မယ်” ဆိုတဲ့ကတိကို မှတ်မိသွားပါတယ်။ဒါပေမဲ့ လမ်းခွဲပြီးတာက ၆ လလောက်ရှိပြီ ဖြစ်တာမို့ ကြံရာမရဖြစ်နေပါတော့တယ်။နောက်အပတ်မှာ ကျင်းပမယ့် မင်္ဂလာဆောင်အတွက် ယူကီနိုက အာအိုရှိမကို ချစ်သူအဖြစ်တစ်ရက်လောက် သရုပ်ဆောင်ပေးဖို့ တောင်းဆိုပါတယ်။ မမျှော်လင့်ဘဲ အာအိုရှိမကသဘောတူလိုက်တော့ စိတ်သက်သာရာရသွားပေမဲ့ တကယ်တော့ အာအိုရှိမမှာလည်းအစီအစဉ်တစ်ခုရှိပါတယ်။အတုအယောင်ချစ်သူတွေလို သရုပ်ဆောင်နေရင်းနဲ့ယူကီနိုကို စိတ်ဝင်စားလာတဲ့ အာအိုရှိမ…အမြဲတမ်း စကားကို တုတ်ထိုးအိုးပေါက်ပြောတတ်တဲ့ ငယ်ရွယ်ချောမောတဲ့ အာအိုရှိမကိုခံစားချက်တွေ‌ပေါက်ဖွားလာတဲ့ ယူကီနို…သူတို့ရဲ့ “အချစ်စာချုပ်” တစ်ခုဟာ ဘယ်လိုအဆုံးသတ်မှာလဲဆိုတာကိုတော့ ဇာတ်လမ်း‌လေးထဲမှာကြည့်ရှူအားပေးကြပါဦးနော် .. ။