“ကျဲန်” ဆိုတဲ့ဂျက်ကန်ကန်ကောင်မလေးတစ်ယောက်ဟာ Gen Z ကလေးတွေသဘာဝအတိုင်း စိတ်အားထက်သန်မှုပြင်းပြတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာနည်းပညာတွေကိုလေ့လာလိုသူလည်းဖြစ်ပါတယ်။တနေ့တော့ “ကျဲန်” ဟာအတန်းပိုင်ဆရာမပေးတဲ့အိမ်စာတွေကို AI အသုံးပြုပြီးစာခိုးချခဲ့ရာကစပြီး အပြစ်ဒဏ်အနေနဲ့နွေရာသီကျောင်းပိတ်ရက်အတွင်း သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးစင်တာတစ်ခုမှာအချိန်ပိုင်းအနေနဲ့ အလုပ်လုပ်ပေးရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်းအသက် ၆၀ ရှိပြီဖြစ်တဲ့စာရေးဆရာ “အာနု” ဟာ ဘဝကိုလွပ်လပ်စွာဖြတ်သန်းပြီး သူဟာလူတွေအနေနဲ့ ဘဝကိုဘယ်လိုနေထိုင်သင့်ကြောင်း “ဘဝနေနည်းစာစု”တွေကို ရေးသားသူထုတ်ဝေနေသူပါ။ဒီလိုနဲ့တနေ့မှာ “ကျဲန်”နဲ့စာရေးဆရာ”အာနု”တို့တွေ့ဆုံဖိုဖြစ်လာပါတယ်။ ဒီကားလေးထဲမှာ ယနေ့ခေတ် ကလေးတွေရဲ့အတွေးအမြင်တွေ၊ လူကြီးနဲ့လူငယ်ကြားကပဋိပက္ခတွေ၊ ခေတ်စနစ်တိုးတက်လာမှုတွေကြောင့် ဖြစ်လာတဲ့ကောင်းကျိုး ဆိုးကျိုးတွေအပြင် ဘဝနေထိုင်မှုတွေပုံစံတွေကို ပေါ့ပေါ့ပါးပါးလေးကြည့်ရှုလိုရမဲ့အပြင် ဗဟုသုတပါရနိုင်တဲ့ဇာတ်ကားလေးတစ်ခုဖြစ်တာမို့ ပရိတ်သတ်များစောင့်မျှော်ရှုစားကြပါဦး……