ဒီစီးရီးက Apple TV+ မှာပြသမယ့် ဒရာမာတစ်ခုဖြစ်ပြီးဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းတယ်ဗျဒီဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်က Andrew Cooper လို့ခေါ်တဲ့ လူတစ်ယောက်ပါသူ့ကို Coop လို့လည်း ခေါ်ကြတယ် Coop က နယူးယောက်မှာ အောင်မြင်တဲ့ရန်ပုံငွေစီမံခန့်ခွဲသူတစ်ယောက်ပေါ့ ဘဝက ပြီးပြည့်စုံတယ်လို့ ထင်ရပြီးမိသားစုနဲ့ ဇိမ်ခံဘဝမှာ နေနေတာ ဒါပေမယ့် ရုတ်တရက် သူ့ဘဝကြီးကအဆုံးအစမရှိ ပြိုလဲသွားတယ်ဗျာ အလုပ်ကနေ အပြစ်တင်ခံရပြီး ထုတ်ပယ်ခံရတယ်တစ်ဖက်မှာလည်း သူ့ရဲ့အိမ်ထောင်ရေးက ကွာရှင်းထားတာကြောင့် ပြီးသွားပြီဒီလိုနဲ့ သူ့ဘဝကို ဆက်လက်ထိန်းသိမ်းဖို့ ပိုက်ဆံလိုတယ် သူ့သားသမီးတွေကိုလည်းအရင်လို ဇိမ်ကျကျ ထားချင်တယ် ဒါပေမယ့် အလုပ်လည်းမရှိ ဝင်ငွေလည်းမရှိတော့ ဘာလုပ်မလဲဗျာCoop တစ်ယောက် ဘာကြံရင်ကောင်းမလဲလို့ တွေးရင်း ရုတ်တရက် အကြံတစ်ခုရလိုက်တယ်သူနေတဲ့ Westmont Village ဆိုတဲ့ ချမ်းသာတဲ့ရပ်ကွက်ထဲက သူ့အိမ်နီးချင်းတွေဆီကနေခိုးဖို့ပဲဗျ ဟုတ်တယ် သူတို့အိမ်တွေထဲ ခဏခဏခိုးဝင်ပြီး တန်ဖိုးကြီးပစ္စည်းတွေယူပစ်တော့တာပဲ ဒီလိုခိုးရင်း သူ့ဘဝကို ဆက်ထိန်းထားလို့ရမယ်လို့ ထင်ခဲ့တာဒါပေမယ့် ဒီခိုးမှုတွေက သူ့အတွက် ထင်မထားတဲ့ စိတ်လှုပ်ရှားမှုတစ်ခုကိုပါပေးလာတယ် ဒါက သူ့ဘဝထဲ ပြန်ဝင်လာတဲ့ စွန့်စားမှုလို့ပဲ ဆိုရမယ်ဒါပေမယ့်ဗျာ ဒီလိုခိုးရင်းနဲ့ သူ မတော်တဆ မဖြစ်မနေ ဖြစ်သင့်တဲ့အမှားတစ်ခုကို လုပ်မိလိုက်တယ် မဖြစ်မနေ မဝင်သင့်တဲ့အိမ်ထဲဝင်ခိုးမိတာပဲ အဲဒီအိမ်က သူထင်ထားသလို ရိုးရှင်းတဲ့ အိမ်မဟုတ်ဘူးအဲဒီရပ်ကွက်ထဲက လူတွေရဲ့ မျက်နှာဖုံးတွေအောက်မှာ ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေ မသမာမှုတွေ အန္တရာယ်ရှိတဲ့ ကိစ္စတွေနဲ့ ပြည့်နှက်နေတာကိုCoop တစ်ယောက် သိလာရတယ် သူခိုးဝင်တဲ့ အိမ်တွေကနေ တစ်ဖြည်းဖြည်းဒီလျှို့ဝှက်ချက်တွေကို ဖော်ထုတ်မိလာပြီး သူ့ကိုယ်သူ ပိုပြီးအန္တရာယ်များတဲ့ နေရာတစ်ခုထဲ ပိတ်မိနေသလို ဖြစ်လာတယ်ဒီဇာတ်လမ်းက ရိုးရှင်းတဲ့ သူခိုးအကြောင်းတင်မဟုတ်ဘူးဗျ Coop တစ်ယောက်သူ့ဘဝကို ပြန်တည်ဆောက်ဖို့ ကြိုးစားရင်း သူ့ရဲ့ ကိုယ်ကျင့်တရားတွေ မိသားစုအပေါ်တာဝန်ယူမှုတွေနဲ့ ရင်ဆိုင်ရတာကို ပြတယ် တစ်ဖက်မှာလည်း ဒီချမ်းသာတဲ့ရပ်ကွက်ထဲက လူတွေရဲ့ မျက်နှာဖုံးတွေကို ခွာကြည့်ရင်း လူ့သဘာဝရဲ့ ရှုပ်ထွေးမှုတွေကို ဖော်ပြထားတယ်တစ်ချို့အခန်းတွေက ရယ်ရတယ်ဗျ တစ်ချို့က တကယ်ကိုစိတ်လှုပ်ရှားစရာ တစ်ချို့ကတော့ သင်ခန်းစာယူစရာတွေ ပေးတယ်ဒီစီးရီးက Jon Hamm က သရုပ်ဆောင်ထားတာဆိုတော့ သူ့ရဲ့ ခံစားချက်ပြသရုပ်ဆောင်မှုတွေက တကယ်ကို ထိတယ်ဗျ သူ့အပြင် Amanda Peetနဲ့Olivia Munn တို့လို သရုပ်ဆောင်တွေလည်း ပါတယ် ဇာတ်လမ်းကအပိုင်း ၁၀ ပိုင်းနဲ့ April 11, 2025 မှာ စတင်ပြသခဲ့ပြီးတော့အပတ်စဉ် အပိုင်းသစ်ထွက်လာတယ် ဒီလိုပဲ …Your Friends and Neighbors က ကြည့်ရတာ တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ စီးရီးတစ်ခုပါဗျဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်ရမှာပေါ့နော်