ဘန်နီလို့ အများခေါ်ကြတဲ့ ဘန်ဟီဂျင်း (Roh Jeong-Eui) ဟာဆိုရင် ပန်းပုပညာကိုအထူးပြုယူထားပြီး မေဂျာထဲမှာလည်း ထိပ်တန်းနေရာကို ယူထားနိုင်သူလေးပါ။တကယ်တော့ ဘန်နီက ပန်းပုမေဂျာရဲ့ ထိပ်တန်းကျောင်းသူနေရာကို ရထားတဲ့ အကြောင်းအရင်းကလှပတဲ့အရာကို မြင်တာနဲ့ မနေနိုင်မထိုင်နိုင် သဘောကျတတ်တဲ့ အလှရသ အာရုံခံစားနိုင်စွမ်းကိုပိုင်ဆိုင်ထားလို့ပါပဲ။ ဒါကြောင့်လည်း ဘန်နီက ရုပ်ချောတဲ့ကောင်လေးတွေကို မြင်တာနဲ့ကြွေဆင်းသွားတတ်ပါတယ်။ ဒါပေမဲ့ ဘန်နီက အချစ်ရေးမှာတော့ ရုပ်ရည်ထက် ကိုယ့်ကိုသဘောကျပေးတဲ့ စိတ်က ပိုအရေးကြီးတယ်လို့ ခံယူထားသူတစ်ယောက်ပါ။ကံအကြောင်းမလှစွာနဲ့ပဲ ရုပ်ရည်ဆိုဝေးသေး အကျင့်စရိုက်ပါ အဆိုးတကာ့ အဆိုးဆုံး ကောင်လေးနဲ့မှမှားတွဲမိခဲ့မိပြီး တစ်ကျောင်းလုံးရှေ့မှာ အချစ်ရူးမလေးအဖြစ် နာမည်အတပ်ခံလိုက်ရတဲ့ ဘန်နီလည်း“ရုပ်ချောတဲ့ ကောင်လေးနဲ့ပဲ တွဲတော့မယ်”ဆိုပြီး စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်။အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ပြီးပြည့်စုံတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားကြတဲ့ ကောင်လေး ၄ ယောက်ကဘန်နီရှေ့မှာ ပေါ်လာကြတဲ့အခါမှာတော့…ကိုချော ၄ ယောက်ထဲမှာမှ ဘန်နီရဲ့အချစ်ကို ပိုင်ဆိုင်သွားမဲ့သူက ဘယ်သူများဖြစ်မလဲ..မင်းသားချောချောလေးတွေကိုလည်း ကြူးရင်း ကြည့်ရှုရမဲ့ ဘန်နီနဲ့ ကိုလူချော ၄ ဦးတို့ရဲ့ ငါးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကိုတော့ အပတ်စဉ် သောကြာ၊ စနေနေ့တိုင်းမှာ စောင့်ကြည့်နိုင်မှာပဲ ဖြစ်ပါတယ်။