ဒီတစ်ခါမှာတော့ Netflixက ရိုက်ကူးထားတဲ့ ၁၉၉၀ ပြည့်နှစ်အစောပိုင်းအမေရိကားမှာဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်နာမည်ကြီးလူသတ်မှုအကြောင်းမှတ်တမ်းဇာတ်လမ်းတွဲတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။၁၉၉၀ ပြည့်နှစ်တွေမှာ အောင်မြင်တဲ့ရက်ဘီကစားသမားဟောင်းတစ်ယောက်လည်းဖြစ်၊လူချစ်လူခင်များတဲ့ နာမည်ကြီးမင်းသားတစ်ယောက်လည်းဖြစ်တဲ့ အိုဂျေစင်စန်ဟာနေ့ချင်းညချင်းပဲ လူနှစ်ယောက်ကိုရက်ရက်စက်စက်သတ်တဲ့ လူသတ်သမားအဖြစ် ပုံဖော်ခံခဲ့ရပါတယ်။အိုဂျေဟာ သူ့ဇနီးဟောင်း နီကိုးလ်စင်စန်နဲ့ ရွန်ဂိုးမန်းလို့အမည်ရတဲ့အခြားအမျိုးသားတစ်ယောက်ကို သတ်ဖြတ်မှုနဲ့ စွဲချင်တင်ခံရတာပါ။လော့အိန်ဂျလိစ်က သူဌေးရပ်ကွက်မှာလည်းဖြစ် ၊ နာမည်ကြီးမင်းသားပတ်သက်နေတဲ့လူသတ်မှုလည်းဖြစ်တော့ဒီကိစ္စဟာ မီဒီယာတွေမျက်စိကျပြီး အမေရိကားတစ်ခွင်လှုပ်ခတ်သွားပါတယ်။တစ်ဖက်မှာလည်း အိုဂျေဟာ လူမည်းသရုပ်ဆောင်တစ်ယောက်ဖြစ်တာကြောင့်လူဖြူလူမည်းပြဿနာတွေပါ ပါလာပြီး လူမျိုးရေးဆူပူမှုတွေပါဖြစ်လာပါတယ် ။ဒီမှုခင်းကို ကိုင်တွယ်ဖြေရှင်းရတဲ့သူတွေဟာ အဖက်ဖက်က ဖိအားတွေအောက်မှာကျန်ရစ်သူမိသားစုအတွက်တရားမျှတမှုရရှိဖို့ အမြန်ဆုံးလုပ်ဆောင်ရမှာပါ။အပိုင်းလေးပိုင်းပါတဲ့ ဒီမှတ်တမ်းဇာတ်လမ်းတွဲမှာဆိုရင် အခင်းဖြစ်ပွားတဲ့အချိန်ကစပြီးတရားခံကိုအမိန့်ချမှတ်တဲ့အထိ စုံစမ်းစစ်ဆေးရေးမှာ နည်းမျိုးစုံနဲ့ပါဝင်ပတ်သက်ခဲ့ရတဲ့မျက်မြင်သက်သေ ၊ရဲတွေ ၊ မိသားစုဝင်တွေနဲ့ ရှေ့နေတွေကို ရှုထောင့်အမျိုးမျိုးကိုစိတ်ဝင်စားစရာကောင်းအောင် မေးမြန်းတင်ဆက်ထားပါတယ်။