ကွယ်လွန်သွားသူခင်ပွန်းလောင်း ထန်ကျင်ရှင်ရဲ့ ပြိုလဲလုစဲစဲရတနာလုပ်ငန်းကိုအမီကယ်တင်ပေးနိုင်ဖို မိချူးရှဟာ နာမည်ကြီးအင်ဖလူရန်ဇာဖြစ်တဲ့ လုယီနဲ့လက်တွဲခဲ့ရပါတယ်။ဒါပေမဲ့ လုယီရဲ့အမူအကျင့်တွေဟာ ထန်ကျင်ရှင်နဲ့တူနေတာမို မိချူးရှတစ်ယောက် ဝေခွဲမရမြေပဲမလေးဖြစ်ရပါတော့တယ်။ရတနာလုပ်ငန်းပြိုလဲမသွားအောင် သူတိုနှစ်ယောက်အတူကြိုးစားရင်းကြိုးခြင်းထားကြိုးခြင်းငြိဆိုသလို နှစ်ယောက်ကြားမှာ အချစ်မီးပွားလေးတွေ စပွင့်လာပါတယ်။အဲအချိန်မှာ မိချူးရှဘက်ကရော လုယီကို တကယ်ပဲယုံကြည်သွားတာလား?လွန်ခဲ့တဲ့၃နှစ်က ထန်ကျင်ရှင်ကို သေစေခဲ့တဲ့ကားမတော်တဆမှုက လုယီနဲ့ဘယ်လိုပတ်သက်နေမလဲ?ကြည့်နေရင်းရိုလာကိုစတာစီးရသလို ရိုလိုက် ချဉ်လိုက်၊ ချိုလိုက် ခါးလိုက်ဖြစ်စေတဲ့Marry Me Again Series လေးကို စောင့်မျှော်ကြည့်ရှုရင်း C drama ချစ်သူတိုရိုလာကိုစတာစီးလိုရပါပြီ…။