Kanneda FHD

Kanneda

Crime FHD 2025-03-21 8.3

ဘ၀တက်လမ်းအတွက် ကြိုးစားရုန်းကန်နေကြတဲ့ လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားပေးမဲ့ပန်ချာပီစီရီးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ကနေဒါမှာ ရွှေ့ပြောင်းအခြေချကြတဲ့ အိန္ဒိယ-ပန်ချာပီလူမျိုးတို့ရဲ့ဘ၀တစ်စိတ်တစ်ဒေသကို ပုံဖော်ပြီး နိုင်ငံရပ်ခြားမှပန်ချာပီလူငယ်တစ်ယောက်ရဲ့လူရာ၀င်အောင် ကြိုးစားအားထုတ်မှုအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ကနေဒါဟာ တစ်နိုင်ငံတည်းပေမဲ့ ကမ္ဘာနှစ်ခုကွဲပြားနေပါတယ်။ အဲဒါကတော့ လူဖြူတွေရဲ့ကမ္ဘာဖြစ်တဲ့ ကနေဒါရယ်၊ အိန္ဒိယကရွှေ့ပြောင်းနေထိုင်သူတွေနေထိုင်ပြီး ကန်နတ်ဒါလို့ သူတို့နာမည်ပေးထားတဲ့ကမ္ဘာတစ်ခုရယ်ပါ။နင်မာဟာ ငယ်ငယ်လေးကတည်းက ကနေဒါကိုပြောင်းရွှေ့အခြေချခဲ့တဲ့ ပန်ချာပီလူငယ်တစ်ယောက် ပါ။ဒါပေမဲ့ ထုံးစံအတိုင်း လူဖြူတွေကြားမှာ အမြဲအနိုင်ကျင့်ခံရပါတယ်။ဒါကြောင့်သူဟာ လူရာ၀င်ပြီး အများလေးစားခံရအောင် ရိုးရိုးသားသား အားထုတ်ကြိုးစားခဲ့ပါတယ်။သူ့ရဲ့မူလရည်ရွယ်ချက်က အားကစားကနေတဆင့် ကနေဒါကကောလိပ်ကျောင်းကောင်းကောင်းမှာပညာသင်ဆုယူပြီး ဒီဂရီရ‌အောင်ကြိုးစားဖို့ပါ။ အဲဒီကနေတဆင့် သူ့ဘ၀ကိုတိုးတက်အောင်လုပ်ပြီးအများလေးစားရတဲ့သူဖြစ်အောင် လုပ်ဖို့ဖြစ်ပါတယ်။ဒါပေမဲ့ ကြိုတင်စီစဉ်တိုင်း ဖြစ်မလာတတ်တာကိုက ဘ၀လို့ဆိုရမလားပါပဲ။နင်မာ့ကိုလည်း ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး။ သူများချောက်ချတာခံရပြီးသူ့ဘ၀ကြီးပြောင်းလဲသွားတာကြောင့် ဘ၀အစီအစဉ်တွေ တလွဲတချော်ဖြစ်ခဲ့ပါတယ်။လုပ်သလိုဖြစ်မလာခဲ့ပေမဲ့ နင်မာကတော့ ဘ၀ကိုအရှုံးမပေးခဲ့ပါဘူး။ သူဝါသနာပါရာဂီတနဲ့သူ့ဘ၀ကိုအောင်မြင်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ သူရည်ရွယ်တဲ့အတိုင်း အောင်မြင်မှုလမ်းကြောင်းပေါ်မရောက်ခင်မှာ နင်မာတစ်ယောက်ဘယ်လိုအခက်အခဲ အတားအဆီးတွေနဲ့ ရင်ဆိုင်ရမလဲ၊ အသားရောင်ခွဲခြားတဲ့ သူ့အသိုင်းအဝိုင်းတစ်ခုမှာခေါင်းမော့ရင်ကော့နေနိုင်အောင် သူဘယ်လိုကြိုးစားသွားမလဲဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။