ယောက်ျားလေးအဖြစ် ကြီးပြင်းလာခဲ့ရတဲ့ ထီယံဆိုတဲ့သူကို အဖေအရင်းကိုယ်တိုင်က ခြံစောင့်ကလေးနဲ့ လဲလှယ်ခဲ့ပြီးသက်သေခံနေနဲ့ လက်စွပ်တစ်ကွင်းပေးခဲ့ပါတယ် မိဘနှစ်ပါးဆုံးသွားပြီးနောက်အစ်ကိုလင်မယားနဲ့ အတူတူနေထိုင်ပြီးရှာကျွေးနေတဲ့ထီယံတစ်ယောက် သူဌေးတစ်ဦးဆီ ရောင်းစားခံခဲ့ရပါတော့တယ်ရုမ်ဆိုသူက ထီယံကိုဝင်ကယ်ရင်း အကြောင်းစုံသိပြီးတဲ့နောက် အိမ်ကိုခေါ်လာကာ အလုပ်ပေးထားခဲ့ပါတယ်တရက်ကျတော့ ထီယံဆီက လက်စွပ်ပ်အမှတ်အသားကို ရုမ်တွေ့သွားပြီးနောက်မှာ….ထီယံတစ်ယောက် မိဘအရင်းကိုရှာတွေ့သွားမလား….သူမရဲ့မိဘက ရုမ်နဲ့ဘာပြဿနာတွေရှိနေမလဲ…ထီယံတစ်ယောက် ဘာလောကဓံတွေ ခံရဦးမလဲဆိုတာကိုတော့…“အချစ်နတ်ရဲ့အရိပ်အောက်” ဆိုတဲ့ ရိုမန့်ဇာတ်ကားလေးကို ဆက်လက်စောင့်ကြည့်ရအောင်ပါ