Netflix ကနေ ထွက်ရှိထားပြီး အပိုင်း၈ပိုင်းပါဝင်ထားတဲ့ ဂျပန်ကျောင်းသားအချစ်ဒရာမာ စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ယခင်က ယောက်ျားလေးကျောင်း မိန်းကလေးကျောင်း သီးသန့်ခွဲထားရာကနေရုတ်တရက်ကြီး ကျောင်းနှစ်ကျောင်းပေါင်းစပ်လိုက်ပါတယ်။ဆယ်ကျော်သက်အရွယ် ကျောင်းသားတွေဖြစ်တဲ့အပြင် ယခုမှ ယောက်ျားလေးမိန်းကလေး ပေါင်းပြီး ကျောင်းတက်ရတာဖြစ်လို့ စိတ်လှုပ်ရှားရင်ခုန်စရာတွေပြည့်နေမယ်ဆိုပေမဲ့ ကျောင်းအုပ်ကြီးဟာ စည်းကမ်းချက်တစ်ခုကို ချမှတ်လိုက်ပါတယ်။အဲဒီ စည်းကမ်းချက်ကတော့ ကျောင်းသားတွေ ရည်းစားမထားရတာပဲဖြစ်ပါတယ်။ကျောင်းအတွင်းမှာ တွဲသွားတွဲလာလုပ်တာမျိုး, ကျောင်းအပြင်မှာ နှစ်ယောက်တည်းတွဲတွေ့တာမျိုးဆိုရင် ဒီစည်းကမ်းချက်ထဲမှာ အကျုံးဝင်မှာဖြစ်ပြီး ဒီစည်းကမ်းကိုဖောက်ဖျက်တဲ့သူ ဘယ်သူမဆို ကျောင်းထုတ်ခံရမှာပဲဖြစ်ပါတယ်။ဒီမှာပဲ ဒီကျောင်းရဲ့ ကျောင်းကောင်စီအဖွဲ့ဟာ ဒီစည်းကမ်းကို ချိုးဖောက်တဲ့သူတွေကိုစောင့်ကြည့်ဖို့ဖြစ်လာပါတော့တယ် ….. ။ဒီလိုနဲ့ ဆင်းရဲတဲ့မိသားစုကလာပြီး ကျောင်းကောင်စီဝင် ဘဏ္ဍာရေးမှူးလည်းဖြစ်တဲ့အီချီကာတစ်ယောက် ဒီအချက်ကို အသုံးချပြီး ဝင်ငွေရဖို့ ဘယ်လိုရှာကြံမလဲ ..ကျောင်းအုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူ မာကီဟာလည်း အရင်က တွေ့သမျှကောင်မလေးတိုင်းကိုဖွန်ကြောင်ခဲ့သူဖြစ်တော့ ဒီကျောင်းကိုရောက်လာချိန်မှာ ဘယ်လိုတွေဖြစ်လာမလဲ ..အီချီကာနဲ့ မာကီတို့နှစ်ယောက် ဆုံတွေ့မိကြရင်း သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းဟာရောဘယ်လိုဆက်ဖြစ်မလဲ..စည်းကမ်းတွေကြားကနေ Gen-Z လေးတွေ ဘယ်လိုချိုးဖောက်ပြီး ရည်းစားထားကြမလဲဆိုတာကို မြင်တွေ့ရမဲ့ လူငယ် အချစ်ဒရာမာ စီးရီးလေးဖြစ်ပါတယ်။