Medical Series ကြိုက်နှစ်သက်သူတွေအတွက်The Boys series ထဲက A-train သရုပ်ဆောင်Jessie T. Usherလည်းပါဝင်ထားတဲ့ Pluse series ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီစီးရီးကို Netflix ကရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီးအပိုင်း ၁၀ပိုင်းပါဝင်ပါတယ်။ဇာတ်လမ်းကတော့ မိုင်ယာမီက မက်ဂွိုင်းယားဆေးရုံရဲ့အရေးပေါ် ထိခိုက်ဒဏ်ရာကုသရေးစင်တာက ဆရာဝန်တွေအကြောင်း ရိုက်ကူးထားတာပါ။အခြား Medical series တချို့လိုမျိုး ဆေးကုတာတွေချည်းတောက်လျှောက်ပြတာမျိုးမဟုတ်ဘဲ Netflix ထုံးစံအတိုင်းဒရာမာအချိုးအကွေ့လေးတွေနဲ့ အဓိက ဇာတ်ဆောင်ဆရာဝန်တွေရဲ့ personal lifeတွေအကြောင်းပါ ထည့်သွင်းရိုက်ကူးပြထားပါတယ်။မိုင်ယာမီမှာ ဟာရီကိန်းမုန်တိုင်းဝင်တဲ့အချိန်ကနေဇာတ်လမ်းစဖွင့်ထားတာမလို့ အပိုင်း ၁ မှာကတည်းကလူနာတွေကို အခက်အခဲတွေကြားက အသက်ကယ်ကြပုံတွေကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။ဒီ”Pulse” စီးရီးဟာ Medical drama ဇာတ်လမ်းတွေကိုနှစ်သက်တဲ့ သူတွေအတွက် လက်လွတ်မခံသင့်တဲ့ စီးရီးတစ်ခုဖြစ်ပြီး၊ ဆရာဝန်တွေရဲ့ အခက်အခဲတွေနဲ့ Medicalလောကအကြောင်း တစေ့တစောင်း သိရှိခွင့်ရနိုင်မဲ့ စီးရီးကောင်းတစ်ခုပါပဲ။