Netflix ကနေထုတ်လွှင့်ထားတဲ့ ဒီ docu series က အိန္ဒိယ-ပါကစ္စတန်နှစ်နိုင်ငံရဲ့ သမိုင်းကြောင်းကို အစကနေ ပြန်ပြောင်းပြောပြထားတာပါလွတ်လပ်ရေးရတုန်းက အခက်အခဲတွေ၊ နယ်နိမိတ်တွေ သတ်မှတ်ခဲ့ရပုံတွေပြီးတော့ ၂နိုင်ငံကြားဖြစ်ခဲ့တဲ့ စစ်ပွဲတွေအကြောင်းလည်း ပါဝင်ပါတယ်စိတ်ဝင်စားဖို့ကောင်းတာကတော့ ၂နိုင်ငံရဲ့ အားကစားပြိုင်ဆိုင်မှုအကြောင်းကိုပြောထားတာပဲ အထူးသဖြင့် ခရစ်ကတ်ပွဲတွေက လောင်းကြေးထောင်စရာမလိုဘဲကြည့်ရုံနဲ့တင် ရင်တထိတ်ထိတ်နဲ့ ဘယ်သူနိုင်မလဲဆိုတာ စိတ်ဝင်စားနေရတာမျိုးပဲမဟုတ်ပါလား စစ်ပွဲကြောင့် ၁၅နှစ်တာအဆက်အသွယ်ဖြတ်ခဲ့ရပေမဲ့ဒီခရစ်ကတ်ကြောင့်ပဲ ပြန်ပြီးသင့်မြတ်ခဲ့ပုံတွေ နောက်တစ်ချက်ကဒီစီးရီးထဲမှာ သမိုင်းပညာရှင်တွေ၊ သံတမန်တွေ၊ စစ်မှုထမ်းဟောင်းတွေရဲ့အင်တာဗျူးတွေလည်း ပါတယ် သူတို့ပြောပြတဲ့ အတွေ့အကြုံတွေ၊ခံစားချက်တွေက တကယ့်ကို ရင်ထဲထိရှသွားစေနိုင်တာဖြစ်ပြီးနှစ်နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုတွေ၊ လူမှုရေးအခြေအနေတွေကိုလည်းနည်းနည်းပါးပါး ထည့်ပြောထားတော့ တော်တော်လေး ပြည့်စုံတယ်လို့ဆိုရပါမယ်အိန္ဒိယနဲ့ ပါကစ္စတန်ရဲ့ ဆက်ဆံရေးက တော်တော်ရှုပ်ထွေးတာတော့အားလုံးအသိပဲဆိုတော့ ဘာလို့ ဒီလိုတွေဖြစ်လာလဲ အခုအခြေအနေကရောဘယ်လိုဖြစ်နေပြီလဲဆိုတာကို ဒီ docu series လေးကြည့်ပြီးရင်ပိုပြီးသဘောပေါက်သွားကြမှာပါ စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေအများကြီးပါတော့ မကြည့်လိုက်ရင်နောင်တရစေမဲ့ စီးရီးတစ်ခုပါလို့ ညွှန်းဆိုရင်း….