လူရယ်လို့ဖြစ်လာတာနဲ့ ကိုယ်မွေးဖွားလာတည်းက ကိုယ်နဲ့အတူပါလာပြီးသား ကံကြမ္မာနဲ့ကိုယ့်ရဲ့ လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ဖြစ်လာတဲ့ ကံဆိုပြီး ရှိကြတယ်မလား။ဒီကားလေးထဲမှာလည်း ဒီလိုပါပဲ “ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပဲ့တင်လာလိမ့်မည်” ဆိုသလို ကိုယ်ပြုတဲ့ကံရဲ့နောက်ဆက်တွဲ အကျိုးဆက်ဆိုးတွေကို ခံစားကြရမဲ့ ကြမ္မာတူ လူ ၆ ဦးရဲ့အကြောင်းကို ရှုစားရမှာပါ။ပဟေဠိဆန်ဆန် မတော်တဆမှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်ခဲ့ပြီး ပြန်ပြောင်းလဲလို့ မရတော့တဲ့အပေးအယူတစ်ခုကိုလုပ်မိခဲ့တဲ့ “မျက်မြင်သက်သေ” တစ်ယောက်.. ဆရာဝန်တစ်ယောက်ဖြစ်လာသည့်တိုင်အောင် ကလေးဘဝက စိတ်ဒဏ်ရာကနေ မလွတ်မြောက်နိုင်သေးသူ “ဂျူယွန်း”..ဘဝကြီးကို ပြောင်းလဲပစ်ချင်လို့ ငွေတိုးချေးစားတဲ့သူတွေဆီကနေ ပိုက်ဆံချေးပြီး ရင်းနှီးမြှုပ်နှံမိရာကနေပိုက်ဆံတွေဆုံးရှုံးလိုက်ရတဲ့ “ဒုက္ခသည်တစ်ယောက်”..မတရားသဖြင့် အလုပ်ဖြုတ်ခံလိုက်ရပေမဲ့ တစ်ဖက်မှာကျ ပိုက်ဆံတွေပုံပေးပြီး အလုပ်တစ်ခုလုပ်ပေးဖို့ကမ်းလှမ်းတာကိုခံလိုက်ရပြန်တဲ့ “ဂီယုံး”..ဂန်နမ်မှာ အောင်မြင်နေတဲ့ဆေးခန်းတစ်ခုကို ဦးစီးနေရာကနေ မတော်တဆမှုတစ်ခုကို ကျူးလွန်လိုက်မိတဲ့“မျက်မှန်နဲ့လူတစ်ယောက်” နဲ့ ရည်းစားဖြစ်သူ “ယူဂျောင်း”..ကိုယ်စီကိုယ်စီ ဘဝပေးအခြေအနေတစ်မျိုးစီ အခက်အခဲတစ်မျိုးစီနဲ့ ဒီလူ ၆ ယောက် မွေးရာပါ ကံကြမ္မာရဲ့အလှည့်စားခံရပြီး ကိုယ့်ပြုတဲ့ကံတွေရဲ့အကျိုးဆက်ဆိုးတွေနဲ့ရင်ဆိုင်ရဖို့ဖြစ်လာတဲ့အခါ ..။Crime thriller အမျိုးအစားဖြစ်ပြီး အဓိကဇာတ်ဆောင်တွေအနေနဲ့ Park Hae Soo, Shim Min Ah,Lee Kwang Soo, Kim Sung Kyun, Lee Hee Joon နဲ့ Gong Seung Yeon တို့က အဓိကပါဝင်သရုပ်ဆောင်သွားမှာမို့ ကြည့်ရတန်မဲ့ ကားကောင်းလေးဖြစ်ကြောင်း လက်တို့လိုက်ပါတယ်နော်။