လူ့လောကနဲ့ ငရဲကို ကွမ်တမ်တံတိုင်းတစ်ခုနဲ့ ခြားထားတဲ့ အခြေအနေမှာ ငရဲက နတ်ဆိုးတွေဟာ အဲဒီတံတိုင်းကို ဖျက်ဆီးဖို့ ကြိုးစားလာပါတယ်။ ဒီတံတိုင်းကို ဖြိုနိုင်ဖို့အတွက် ငရဲသူရဲကောင်း စပါဒါရဲ့ဓားနဲ့အဆောင်တစ်ခုလိုအပ်ပါတယ်။အဲဒီမှာပဲ နတ်ဆိုးမုဆိုးဖြစ်တဲ့ ဒန်ထေဟာ အဆောင်တစ်ခြမ်းကို ပိုင်ဆိုင်ထားတဲ့သူဖြစ်တဲ့အတွက် နတ်ဆိုးတွေက သူ့ရဲ့အဆောင်ကို လုယူဖို့ ကြိုးစားလာပါတယ်။ ဒီတော့ နတ်ဆိုးကာကွယ်ရေး ဒါ့ကွန်အဖွဲ့နဲ့ဒန်ထေတို့ နတ်ဆိုးတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဒီစီးရီးမှာ မြင်ရပါလိမ့်မယ်။အဓိကဗီလိန်ကိုရော ဒန်ထေရဲ့ နောက်ကြောင်းကိုရော ပြရင်း တဖြည်းဖြည်း အရှိန်တက်လာပါလိမ့်မယ်။ ကြည့်လိုက်ကြပါ။