ခေတ်တွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ယနေ့ခေတ်မှာGender(လိင်)ဆိုတာ အရင်လိုနှစ်မျိုးနှစ်စားတည်း မဟုတ်တော့ဘဲနဲ့ မရေမတွက်နိုင်လောက်အောင် အမျိုးအစားများစွာကွဲထွက်လာခဲ့ပါတော့တယ်။အမေရိကန်လိုနိုင်ငံမျိုးတွေမှာအသစ်ထပ်ပေါ်လာတဲ့ Gender တွေကများပြားလှပေမဲ့ဒီနိုင်ငံမှာတော့ ရိုးရိုးရှင်းရှင်းနည်းနည်းပါးပါးနဲ့ လည်ပတ်နေကြဆဲပါပဲ။ဒီလိင်အမျိုးအစားထဲမှာ Gay (ဂေး) ဆိုတဲ့အမျိုးအစားကိုလည်း ကြုံဖူးတွေ့ဖူးနေကြမှာဖြစ်ပါတယ်။အခုအချိန်မှာတော့ ဂေးဆိုတဲ့စကားလုံးက နားထဲယဉ်ပါးနေပြီးလူအများလက်ခံလာကြတဲ့ Gender တစ်ခုဖြစ်တဲ့အတွက်ရိုင်းတဲ့အသုံးအနှုန်းလို့မသတ်မှတ်တော့တဲ့အတွက် ဒီအတိုင်းပဲသုံးနှုန်းပါရစေ။အခုတင်ဆက်ပေးမဲ့ Series လေးကလည်း ဂေးတွေတင်မကဘဲဖြောင့်ဖြောင့်တန်းတန်း Straight တွေပါ ကြည့်လို့ရမဲ့ ဝေဖန်မှုတွေမခံရတဲ့အပြင် ပြုံးပြုံးပျော်ပျော် ပေါ့ပေါ့ပါးပါးကြည့်လို့ရမဲ့ဂေးတွေကိုအဓိကထားတင်ဆက်ထားတဲ့ ဟာသ Series လေးပဲဖြစ်ပါတယ်။Series နာမည်လေးကတော့ Mid-Century Modernဖြစ်ပြီး လက်ရှိ IMDb Rating 7.8 အထိတောင်ရထားတာဆိုတော့ ကောင်းတဲ့ Series တွေထဲမှာပါတယ်လို့ သေချာပေါက်ပြောလို့ရပါတယ်။အဓိကသရုပ်ဆောင်တွေအနေနဲ့ Nathan Lane တို့ Matt Bomerတို့ Nathan Lee Graham တို့လိုနာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားပြီး ဧည့်သည်သရုပ်ဆောင်တွေအနေနဲ့ မြင်ရတွေ့ရရင်းနှီးနေကျဖြစ်တဲ့ ဟာသသရုပ်ဆောင်ကြီး Richard Kindတို့အပြင် တခြားသောနာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာလည်းပါဝင်ကူညီအားဖြည့်ထားပါသေးတယ်။ဒီ Series ကိုအကျဉ်းချုပ်မိတ်ဆက်ပေးရမယ်ဆိုရင်တော့အဓိကဇာတ်ကောင်သုံးယောက်ဖြစ်တဲ့ ဘန်နီ ဂျယ်ရီနဲ့ အာသာဆိုတဲ့ဂေးသူငယ်ချင်း ၃ ယောက်ကနေ စပြောရမှာပါပဲ။ဘန်နီက အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ဘောစိဖြစ်ပြီးအချစ်စစ်ကိုလိုက်ရှာနေသူတစ်ယောက်ဖြစ်ပါတယ်။ဂျယ်ရီကတော့ လေယာဉ်မောင်ဖြစ်ပြီး သဘောကောင်းမနောကောင်းရုပ်ချောဘဲကြည်သူတစ်ယောက်ဖြစ်ပါတယ်။အာသာကတော့ဖက်ရှင်လောကမှာ အောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ်ခဲ့ပြီးအခုအချိန်မှာတော့ သူ့အတွက်အခွင့်အလမ်းကောင်းတွေထပ်ရောက်လာမှာကိုစောင့်နေတဲ့လူဖြစ်ပါတယ်။ဒီလိုတွေမတူကွဲပြားတဲ့ဘ၀တွေကနေလာခဲ့ကြပေမဲ့ သူတို့မှာတူညီတဲ့အရာကတော့ ဂေးဖြစ်နေတာဖြစ်ပြီး သူတို့အချင်းချင်းလည်း အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ပါတယ်။ဒီလိုသူငယ်ချင်း ၃ ယောက်ကိုဘယ်အရာကပြန်လည်ဆုံစည်းစေခဲ့လဲဆိုတော့ စစချင်းမှာတင်သူတို့ရဲ့ ၄ ယောက်မြောက် သူငယ်ချင်းဖြစ်တဲ့ ဂျော့ဂျ် ဆုံးသွားရာကနေဇာတ်လမ်းစပါတယ်။ဂျော့ဂျ်ရဲ့သေဆုံးမှုကြောင့် ဘေးမှာမယ်မယ်ရရ ဘယ်သူမှမရှိတဲ့သူတို့ဘ၀ကိုပြန်လည်တွေးမိကြပြီးဘောစိဖြစ်တဲ့ ဘန်နီက သူ့အိမ်ကြီးမှာ သူ့သူငယ်ချင်းတွေကိုလာနေဖို့ဖိတ်လိုက်ပါတော့တယ်။ဒီလိုနဲ့သူတို့သူငယ်ချင်း ၃ ယောက်အတူတူနေဖြစ်သွားကြပြီး အရွယ်ရလာပြီဖြစ်တဲ့ သူတို့ဘ၀ခရီးကိုဘယ်လိုအတူတူဖြတ်သန်းကြဦးမလဲဆိုတာကို ရယ်မောပျော်ရွင်စရာစိတ်ဝင်စားစရာ ရိုက်ကူးထားတဲ့ Series လေးတစ်ခုပဲဖြစ်ပါတယ်။