၂၀၁၇ ခုနှစ်က စတင်ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော အားကစားဒရာမာကောင်းတစ်ခုကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အိန္ဒိယရဲ့ အားကစားဒရာမာဆိုတော့ ထုံးစံအတိုင်း ခရစ်ကတ်ပေါ့။ဒီဇာတ်လမ်းဟာဆိုရင် အိန္ဒိယရဲ့ အကြီးဆုံးပြည်တွင်းခရစ်ကတ်လိဂ်ဖြစ်တဲ့အိန္ဒိယပရီးမီးယားလိဂ်ထဲက နိုင်ငံရေးတွေ၊ လှည့်ကွက်တွေ၊ လုပ်ပွဲကစားပုံတွေအားလုံးကို အခြေခံပြီး ဇာတ်လမ်းဖန်တီးထားတာပါ။ဇာတ်လမ်းအကြမ်းဖျင်းကတော့ အိန္ဒိယပရီးမီးယားလိဂ်ကို အခြေခံဖန်တီးထားတဲ့ပါဝါပလေးလိဂ်ဆိုတဲ့ ခရစ်ကတ်လိဂ်ထဲမှာ မာဗီရစ်ဆိုတဲ့အသင်းကလည်း ပြိုင်ပွဲဝင်အသင်းတစ်သင်းဖြစ်ပါတယ်။မာဗီရစ်အသင်း ပိုင်ရှင်အဟောင်းကနေ အသစ်ပြောင်းသွားရာကနေ အသင်းအခြေအနေပြောင်းသွားပုံတွေ၊နောက်ကွယ်ကရှုပ်ထွေးမှုတွေကို ဒီဇာတ်လမ်းတွဲထဲမှာ စိတ်ဝင်စားဖွယ်တွေ့မြင်ကြရမှာပါ…။