ဒီတစ်ခေါက်မှာတော့ boys over flowrs Thai version ထဲက P dew နဲ့theory of Love ထဲက P gun ရယ်၊ Fish upon the sky ထဲက P pond တို့ရဲ့thriller ကားလေးကိုတင်ဆက်ပေးပါရစေ .. ။ရက်ထပ်နှစ်ရဲ့ feb 29 မှာမွေးလာတဲ့ Day and Night ရဲ့ ကံကြမ္မာကတော့ကျိန်စာတစ်ခုနဲ့ ပိတ်မိနေခဲ့ပါတယ် .. ။အဲဒါကတော့ ၄နှစ်ပြည့်တိုင်း သူတို့ရဲ့အချစ်ဆုံးသူက သေရမယ်ဆိုတဲ့ ကျိန်စာပါပဲ .. ။ဒါကြောင့်မိုလို့ သူတို့နှစ်ယောက်ဟာ ချစ်ရတဲ့သူတွေ ထိခိုက်ရမှာစိုးလို့ အေးစက်စက်နဲ့ပဲဘဝကို အထီးကျန်ကျန်နေထိုင်ပါတယ် ..ဒီလိုနဲ့ Day က ကျိန်စာတွေကြားထဲကပဲ Dream ဆိုတဲ့ကောင်မလေးကို ချစ်မိသွားပြီးNight ကလည်း Autism ဖြစ်နေတဲ့ ကောင်လေး Ozone ကို သံယောဇဉ်တွယ်သွားခဲ့ပါတယ်။နောက်ထပ်ရက်ထပ်နှစ်ဖြစ်တဲ့ သူတို့အသက် ၂၀ ပြည့်တဲ့နေ့မှာ ဘာတွေဆက်ဖြစ်မလဲ ..ကျိန်စာကရောတကယ်ဖြစ်လာမှာလား ..ချစ်ရတဲ့သူတွေကို ကျိန်စာကနေ ဘယ်လိုကာကွယ်မလဲဆိုတာကို thriller ကားပီပီရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ် .. ။