Break Up Service บริษัทลดรักเลิก FHD

Break Up Service บริษัทลดรักเลิก

Comedy FHD 2025-03-31 8.3

GMM papa ကိုကိုOffရဲ့ သောက်ညင်ကပ်စရာကာရိုက်တာနဲ့ ပြတ်စဲရေးဝန်ဆောင်မှုဆိုတဲ့ကားလေး ဒီနေ့မှာ ထွက်ရှိလို့လာပါပြီ။ဖေOffအတွက် ထုတ်ထားတဲ့ဇာတ်လမ်းအလားမှတ်ရအောင် မျက်နှာပြောင်တိုက် sarcasm အပြည့်character နဲ့ပွဲထွက်လာမှာဖြစ်လို့ ခုပဲ ရှုစားလိုက်ကြပါဦးစို့။ငါးနှစ်အရွယ်ထဲက အဖေအမေပါမရှောင် အတွဲတွေလိုက်ဖြတ်ရတာကြိုက်တဲ့ ဘော့တစ်ယောက် ကြီးလာတော့လည်းငယ်ကတည်းကဇကမသေးတာမလို့ ပြတ်စဲရေးဝန်ဆောင်မှုအေဂျင်စီမှာ တွဲဖက်တည်ထောင်သူအဖြစ် ကမ်းလှမ်းခံရတဲ့အထိပါပဲ။ဒီလိုနဲ့တစ်နေ့ ဒီလိုအလုပ်ကနေထွက်ပြီး ချစ်သူလေးနဲ့ ဘဝကိုပျော်မွေ့တော့မယ်ဆိုပြီး တရားပေါက်လုဆဲဆဲမှာဂျုဆိုတဲ့ကောင်မလေးစနက်နဲ့ ဝဋ်လည်ပြီး ရည်းစားနဲ့ပြတ်သွားပါတော့တယ်။ဒီလိုရေစက်ဆိုးနဲ့ဆုံခဲ့ရတဲ့ဂျုတစ်ယောက် ဘော့တို့အေဂျင်စီမှာ အလုပ်လာလျှောက်ရင်း ဘော့နဲ့တွေ့ဖို့ဖြစ်လာချိန်မှာတော့…အချစ်ဆိုတာ ထိရှလွယ်တယ် ဆက်ဆံရေးဆိုတာမတည်မြဲဘူးဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်ထားတဲ့ဘော့နဲ့မသိစိတ်ရဲ့တစ်နေရာမှာအချစ်ကိုယုံကြည်ချင်သေးတဲ့ဂျုတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ ရှုစားကြပါဦး။