The Divorce Insurance 이혼보험 FHD

The Divorce Insurance 이혼보험

Comedy Drama FHD 2025-03-31 8.3

နိုဂီဂျွန်း (Lee Dong-Wook) က အာမခံကုမ္ပဏီမှာ လုပ်ကိုင်နေသူဖြစ်ပါတယ်။ အပြင်ပန်းမှာတော့အရည်အချင်းရှိပြီး ပြီးပြည့်စုံသူတစ်ဦးလို့ ထင်ရပေမဲ့ တကယ်တမ်းက သုံးကြိမ်တိတိတောင် ကွာရှင်းထားပြီးဇနီးဟောင်းတွေကို တစ်နှစ်စာ လုပ်အားခနီးနီးရှိတဲ့ မယားစရိတ်တွေ ပေးလိုက်ရတာဖြစ်လို့ မွဲပြာကျနေသူပါ။ဒါကြောင့်လည်း ဂီဂျွန်းက ကွာရှင်းခြင်းဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ မမျှော်လင့်ဘဲ ဝင်လာတတ်တဲ့ဘေးအန္တရာယ်တစ်ပါးလို့ ယူဆပြီး ကွာရှင်းမှုနှုန်းတွေ မိုးထိုးတက်နေတဲ့ကာလမှာ ကွာရှင်းအာမခံမူဝါဒသစ်ကိုရေးဆွဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ဂီဂျွန်းက ဂန်ဟန်ဒူး (Lee Joo-Bin)၊ အန်ဂျွန်မန် (Lee Kwang-Soo)၊ဂျွန်နာရယ် (Lee Da-Hee) တို့နဲ့အတူ ကွာရှင်းအာမခံအဖွဲ့ကို ဖွဲ့စည်းဖြစ်သွားတဲ့အခါမှာတော့…အရိုတစ်လိုင်းကိုမှ ဟာသလေးနှောပြီး အာမခံအကြောင်းကိုပါ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့အပတ်စဉ် တနင်္လာ ၊ အင်္ဂါနေ့တိုင်း CM Team နဲ့အတူ စောင့်ကြည့်ကြစို့နော်။