ဟာရီဂန် ဒုစရိုက်မိသားစုက ဘိန်းဖြူလောကမှာ အင်အားအကြီးဆုံးဖြစ်ပြီး ရစ်ချီတို့ရဲ့ ဖန်တနိုင်းဈေးကွက်ကို လုဖို့ ကြိုးစားနေတဲ့သူပါ။ဖြစ်ချင်တော့ ဟာရီဂန်မိသားစုက သားဆိုး အက်ဒီ နဲ့ ရစ်ချီရဲ့သား တွမ်မီတို့က ညဘက်မှာထွက်လည်ရင်း ပြဿနာတွေ တက်သွားပါတယ်တွမ်မီပြန်မလာချိန်မှာ ရစ်ချီက ဟာရီဂန်တွေကို စစ်ကြေညာလာသလို ဟာရီဂန်တွေကလည်း ရစ်ချီ့ဆီက ဖန်တနိုင်းဈေးကွက်ကိုလုဖို့ စပြီး ကြံစည်လာတဲ့အခါ ဂိုဏ်းစစ်ပွဲကြီးတွေ ဖြစ်လာဖို့နီးကပ်လာပါတော့တယ်။