Selection Day FHD

Selection Day

Drama FHD 2018-12-28 7.2

အိန္ဒိယရုပ်ရှင်ဇာတ်လမ်းတွေမှာ ရိုးအီနေပြီးတာတောင် စိတ်ဝင်စားဖို့ကောင်းအောင်အမျိုးမျိုးရိုက်ကူးတင်ဆက်တဲ့ဇာတ်ကြောင်းတွေထဲမှာ ကျွန်တော့်အမြင် အတွေ့ရများဆုံး လေးခုရှိတယ်။သောက်ရမ်းကြမ်းတဲ့ ရဲ၊ အကျင့်ပျက်ခြစားနေတဲ့စနစ်ကြီးကို ပြောင်းလဲတာ၊အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ၊ ခရစ်ကတ်။၂၀၁၈မှာ အပိုင်း ၁၂ပိုင်းနဲ့ Netflixကနေထုတ်လွှင့်ခဲ့တဲ့ ဒီစီးရီးဆိုလည်း ကျွန်တော်တို့ဆီမှာသိပ်မတွေ့ရတဲ့ခရစ်ကတ်အားကစားကို စိတ်ဝင်စားအောင် ရိုက်ပြထားတာ။ကိုယ် ဘယ်ကောင်ကြီးဖြစ်လာမလဲဆိုတာ ရွေးချယ်တဲ့။ဒီထဲက ဖခင်ဖြစ်သူနေရာမှာပါဝင်တဲ့ မိုဟန်ကူမားကတော့ ကိုယ်ဘာကောင်ကြီးထက်ကိုယ့်သားနှစ်ကောင်ကို ကမ္ဘာပေါ်မှာ အတော်ဆုံးခရစ်ကတ်သမားတွေဖြစ်စေချင်သူ။ဘယ်လောက်ထိရည်စူးထားလဲဆို ယူမဲ့မိန်းမကိုတောင် အားကစားသမားကောင်းတွေ မွေးထုတ်ပေးနိုင်မဲ့အားကစားအရည်အချင်းရှိတဲ့မိန်းမကို လိုက်ရှာယူတဲ့ထိပဲ။သားနှစ်ယောက်မွေးပြီး မွေးပြီးကတည်းက ခရစ်ကတ်နဲ့ဖက်ပြီးကြီးပြင်းစေခဲ့သူ။နည်းပြလက်စွဲ၇၂အုပ်ကို အာဂုံဆောင်ထားပြီးနည်းစနစ်အသစ်တွေဖန်တီးသင်ပြရုံမကအစားအသောက်၊ ဆေးနဲ့ အရိုးအဆစ်ထိပါကျွမ်းကျင်အောင် လုပ်ခဲ့တဲ့ ဖခင်ကြီးမိုဟန်ကူမား။သားနှစ်ယောက်ဖြစ်တဲ့ ရာဒါကူမားနဲ့ မန်ဂျူးကူမားတို့ညီကိုနှစ်ယောက် ဒီဖခင်ကြီးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာကိုစိတ်ဝင်စားဖွယ်ရှုစားကြရမှာပါ။