Heesu in Class 2 반 이희수 FHD

Heesu in Class 2 반 이희수

Comedy Drama FHD 2025-03-28 8.3

ဒီဇာတ်လမ်းတွဲလေးကတော့ ချစ်စရာကောင်းတဲ့ BL manhwa လေးကို ပြန်လည်အသက်သွင်းထားတာဖြစ်ပြီး အခန်းနှစ်က ဟီဆူးအဖြစ် All of us are dead,Night has come စတဲ့ ဇာတ်လမ်းတွဲများမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Ahn Ji hoနဲ့အတူ တွဲဖက်သ‌ရုပ်ဆောင်အဖြစ် Squid Game မှ Lee Sangjun တို့ကအဓိကအနေနဲ့ ပါဝင်ထားတာဖြစ်ပါတယ် ။အခန်းနှစ်က ကောင်လေး၊ အချစ်ရေး အကြံပေးတဲ့ကောင်လေး၊ ဂျိူချန်းယောင်းရဲ့သူငယ်ချင်းလို့ သိကြတဲ့ အီဟီဆူးဟာ မွေးဖွားလာပြီးကတည်းက အခုချိန်ထိရေမရောတဲ့ စင်ဂယ်စစ်စစ်ဖြစ်ပါတယ် .. ။ဆယ်နှစ်တာ သူငယ်ချင်းချန်းယောင်းအပေါ်မှာ မရိုးသားတဲ့ခံစားချက်ရှိနေပြီး သူများတွေရဲ့အချစ်ရေးကိုဖြစ်မြောက်စေတဲ့ အချစ်ရေးအကြံပေးသူကြီး အီဟီဆူးဟာ မိမိရဲ့ ကိုယ်တိုင်အချစ်ရေးမှာတော့ အခက်တွေ့နေခဲ့ပါတယ်။တစ်ဖက်မှာ ချန်းယောင်းဟာလည်း သူကြိုက်ရတဲ့ အဆိုတော်မလေး Summer ဟာတစ်ကျောင်းတည်းက ကျောင်းသူလေးဂျီယူဆိုတာ သိလိုက်ရတဲ့အခါမှာ သူမကို သူ့အချစ်တွေမဖုံးကွယ်တော့ဘဲ အရှိကို အရှိတိုင်း ဖော်ထုတ်ပြလာပါ‌တော့တယ်။ဒါကိုမြင်တဲ့ ဟီဆူးဟာ ချန်းယောင်းကိုပြန်လည်အရယူဖို့အတွက် .. ဂျီယူကို ခံစားချက်ရှိနေတဲ့အတန်းခေါင်းဆောင် ဂင်ဆောင်းဝန်းကို အတင်းလိုက်အောင်သွယ်ရင်း အရောက်ပို့ပါတော့တယ်။သို့ပေမဲ့ ဆောင်းဝန်းဟာ ဂျီယူထက် ဟီဆူးကိုပိုစိတ်ဝင်စားနေကြောင်း သိလိုက်ရတဲ့အခါမှာတော့..၁၈နှစ်အရွယ်လေးများရဲ့ နုပျိုတဲ့အချစ် ၊ ကျောင်းတွင်းစုံတွဲများရဲ့ ကြည်နူးဖွယ်ခံစားချက်များနဲ့နွေးထွေးမှုများစွာကို ခံစားရစေမဲ့ ဒီဇာတ်လမ်းတွဲလေးကိုတော့ အပါတ်စဥ် သောကြာနဲ့ စနေနေ့တွေမှာတင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ရူစားလိုက်ကြပါဦးနော် ..