Oops Ab Kya FHD

Oops Ab Kya

Comedy Drama Mystery FHD 2025-02-20 8.3

ဒီတစ်ခါတော့ Bollywood ပရိသတ်ကြီးအတွက်အချစ်-ဟာသ-မိသားစုဘ၀ ရသစုံကိုကြည့်ရှုခံစားရမဲ့ စီးရီးသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရိုဟီဆိုတဲ့မိန်းကလေးဟာ မိသားစုနဲ့အတူတီဗီဇာတ်လမ်းတွဲတွေကြည့်ရင်း သူ့ရဲ့ကမ္ဘာငယ်လေးထဲမှာ ပျော်မွေ့နေသူပါ။သူ့မှာအတည်တကျအလုပ်အကိုင်တစ်ခုနဲ့ လက်ထပ်တော့မဲ့ချစ်သူလည်းရှိတာမို့ သူ့ဘ၀ရှေ့ရေးက ဖြောင့်ဖြူးလို့နေပါတယ်။ရိုဟီရဲ့မိခင်ဖြစ်သူက စင်ဂယ်မားသားဘ၀ကို ဖြတ်သန်းခဲ့ရဖူးတာမို့ အဘွားဖြစ်သူကရိုဟီ့အလှည့်မှာတော့ အဲဒီလိုမဖြစ်ရအောင် ကောင်းကောင်းပညာပေးထားပါတယ်။ဒါကြောင့် ရိုဟီကလည်း ချစ်သူနဲ့နားလည်မှုယူပြီး သူ့အပျိုစင်ဘ၀ကိုလက်ထပ်တဲ့အထိထိန်းသိမ်းထားဖို့ ဆုံးဖြတ်ထားပါတယ်။ဒါပေမဲ့ ကံကြမ္မာဆိုတာ ရည်ရွယ်ထားသလိုဖြစ်မလာတတ်တာမို့ တစ်နေ့မှာတော့ရိုဟီ့ဘ၀ကိုလုံး၀ပြောင်းလဲသွားစေမဲ့ အလွဲကြီးတစ်ခု မထင်မှတ်ဘဲ ကြုံလိုက်ရပါတော့တယ်။တစ်ရက်မှာ ရိုဟီဟာ မိန်းကလေးကျန်းမာရေးကိစ္စ ပုံမှန်စစ်ဆေးမှုလုပ်ဖို့အတွက်သားဖွားမီးယပ်ဆရာ၀န်ဆီသွားခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်မှာ ဆရာ၀န်မကလည်းအသည်းကွဲပြီး စိတ်နဲ့ကိုယ်နဲ့မကပ်တဲ့ အခြေအနေပါ။ဒီလိုနဲ့ ပုံမှန်စစ်ဆေးမှုပဲလုပ်မဲ့ ရိုဟီကို ဖန်ပြွန်သန္ဓေသားလုပ်မဲ့တခြားစုံတွဲဆီကအမျိုးသားရဲ့သုက်ပိုး ထည့်ပေးလိုက်မိတဲ့အခါ…။အပျိုစင်ဘ၀ကနေ ရုတ်တရက်ကြီးကိုယ်၀န်ဆောင်ရမဲ့ ရိုဟီတစ်ယောက် ဘယ်လိုဆုံးဖြတ်ချက်ချမလဲအလွဲကြီးလွဲတဲ့ကံကြမ္မာကို ဘယ်လိုရင်ဆိုင်မလဲ၊ နှစ်ဖက်မိသားစု၀င်တွေရောဘာတွေကြုံတွေ့ရဦးမလဲဆိုတာကို ဇာတ်ကောင်စရိုက်အစုံအလင်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုခံစားကြရမှာ ဖြစ်‌ပါတယ်။