” မြင်မြင်ချင်းချစ်တယ်ဆိုတာမရှိဘူး ဆွဲဆောင်ခံလိုက်ရတာပဲရှိတာ ” ဆိုတဲ့စကားကိုလက်ကိုင်ထားတဲ့ဗိုင်ဘာ့ဗ် သူက အမူအရာကြည့် အကဲခတ်တဲ့သင်တန်းကျောင်းဖွင့်ထားတယ် ဘာတွေသင်လဲဆိုတော့မိန်းမလိုက်နည်းပေါ့ မိန်းကလေးတစ်ယောက်ကို စကားစမပြောရဲတဲ့လူတွေစော်လိုက်နည်းမသိတဲ့လူတွေအတွက် အာမခံပြီး ပိုးပန်းနည်းသင်ပေးသူတစ်ယောက်ပါအွန်လိုင်းမှာလည်းအလုပ်လုပ်ရတာဖြစ်လို့ အွန်လိုင်းမှာနာမည်ရအောင် နာမည်ကြီးတွေကိုဝေဖန်လေကန်သူတစ်ယောက်ဆိုလည်းမမှား ဒီလိုနဲ့ ဘယ်လိုပျားအုံကို တုတ်နဲ့သွားထိုးမိလဲဆိုတော့နိုင်ငံရေးသမားတစ်ယောက် တွေ့ဆုံမေးမြန်းခန်းမှာ ဒေါသမထိန်းနိုင်ဘဲ ထပေါက်ကွဲတဲ့ ဗီဒီယိုတစ်ခုကအရမ်းဟော့နေပါတယ် သူက ဒီဗီဒီယိုကို reaction ပေးမိတာကစ အဲဒီနိုင်ငံရေးသမားရဲ့လူတွေကသူ့အိမ်ထိရောက်လာပြီး ဆွဲခေါ်သွားပါတော့တယ် ဒီလောက်အကဲခတ်တတ်နေရင်ငါ့အကြံပေးလုပ်ဆိုပြီး ပေးအပ်ခံရတဲ့တာဝန်ကြား ဒီနိုင်ငံရေးသမားအဘိုးကြီးရဲ့မိန်းမ ငယ်ငယ်ချောချောလေးကို မြင်မြင်ချင်းသဘောကျမိသွားတဲ့အခါမှာတော့ သူ့နည်းလမ်းတွေနဲ့ဘယ်လိုတွေဆက်လုပ်သွားမယ်ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးရယ်စရာဟာသတွေလှိုင်လှိုင်ပေါပြီး မိန်းမမလိုက်တတ်တဲ့လူတွေအတွက်ဗဟုသုတတွေများစေမဲ့ စီးရီးတစ်ခုပါလို့ ညွှန်းဆိုရင်း….