Love Under Construction FHD

Love Under Construction

Comedy Drama FHD 2025-02-28 7.5

နားခိုရာအိမ်ကလေးဆိုတာမှာ ရုပ်ဝတ္ထုအိမ်လည်း ဖြစ်နိုင်သလို ရင်ခွင်ငယ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်..လူတွေဟာ တစ်နေ့တာပင်ပန်းသမျှ ဘဝအမောတွေကနေ အနားယူချိန်မှာ စိတ်ချမ်းချမ်းသာသာဖြစ်နိုင်ဖိုမိမိရဲ့ အိမ်ဖြစ်လာမယ့် နေရာကို ပိုင်ဆိုင်နိုင်‌အောင်၊ လှလှပပတည်ဆောက်နိုင်အောင်အကောင်းဆုံးကြိုးစားလေ့ရှိကြတယ်..ဗင်နိုဒ်နဲ့ ပါပန်ဟာ ညီအစ်ကိုဝမ်းကွဲတွေပါ..ဒူဘိုင်းမှာ အလုပ်လုပ်နေတဲ့ ဗင်နိုဒ်က ငယ်ငယ်က မိသားစုစီးပွားပျက်ပြီး အိမ်ကိုဆုံးရှုးဖူးတဲ့သူဖြစ်တာကြောင့်သူ့မိဘတွေအတွက် အိမ်ကောင်းကောင်းတစ်လုံးဆောက်ပေးဖို ကြိုးစားနေသူပြီးဆေးပစ္စည်းအရောင်းကိုယ်စားလှယ်ဖြစ်တဲ့ ပါပန်ကတော့ သူ့ညီ အိမ်ဆောက်တာမှာ ကူညီပေးနေသူပါ..ဗင်နိုဒ်က လူငယ်ပီပီ ပေါ့ပေါ့ပါးပါးနဲ့ အမြင်ကျယ်သူဖြစ်သလောက် ပါပန်ကတော့ အသက်အရွယ်နဲ့မလိုက်အဘိုးအိုကြီးလို ဘုဂလန့်တိုက်၊ ရှေးရိုးဆန်သူဖြစ်ပြီး မိန်းကလေးတွေကိုလည်း အကောင်းမပြောတတ်ပါသေးတယ်..တစ်ရက်တော့ သူတိုညီအစ်ကိုနှစ်ယောက်ကြားကိုအိမ်ထောင်မပြုချင်လို ထွက်ပြေးပြီး ဒူဘိုင်းမှာပဲနေနေတဲ့ ဂေါ်ရီဆိုတဲ့ကောင်မလေး ရောက်လာတဲ့အခါမှာတော့ဂေါ်ရီကို ချစ်မိသွားတဲ့ ဗင်နိုဒ်ဗင်နိုဒ်ရဲ့ နားခိုရာ ရင်ခွင်ငယ်လေးတစ်ခု ဖြစ်လာတဲ့ ဂေါ်ရီရှေးရိုးစွဲ ပါပန် တိုသုံးယောက် ဘာတွေဖြစ်လာကြမလဲဆိုတာကိုတော့ဟာသနှောထားတဲ့ပုံစံလေးနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်ဖို တင်ဆက်ပေးလိုက်ပါတယ်..

အပိုင်းများ

Season - 1