ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့Drama/Action အမျိုးအစား Mini-series လေးပဲဖြစ်ပါတယ်ဒီကားလေးဟာဆိုရင် Dope Thief ဆိုတဲ့ နာမည်အတိုင်းပဲတရားမဝင်စိတ်ကြွမူးယစ်ဆေးများကို ခိုးယူကြမယ့်သူငယ်ချင်းနှစ်ယောက်အကြောင်းကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်…..နာမည်ကျော်ဒါရိုက်တာ Ridley Scott ကိုယ်တိုင် ဒါရိုက်တာလုပ်ရိုက်ကူးထားတာဖြစ်လို့ သွက်သွက်လက်လက်နဲ့ ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်…Raymond နဲ့ Manny ဟာ သူငယ်ချင်းတွေဖြစ်ပြီး မူးယစ်ဆေးရောင်းဝယ်သူများကို မူးယစ်ရဲဟန်ဆောင်ကာ ဝင်ရောက်ဖမ်းဆီးတတ်ကြသူတွေဖြစ်ပါတယ်.မူးယစ်ရဲများနည်းတူ ပုံစံတကျဟန်ဆောင်ဖမ်းဆီးတတ်သူနှစ်ယောက်ဟာ အောင်မြင်မှုများလည်းအကြိမ်ကြိမ်ရရှိကြပါတယ်လုပ်ငန်းအသေးလေးတွေကိုပဲ ပစ်မှတ်ထားသူနှစ်ယောက်ဟာတစ်ရက်မှာတော့ ဖယ်ဒရယ်အေးဂျင့်များကိုယ်တိုင်အသွင်ယူစုံစမ်းနေတဲ့ မူးယစ်ဆေးရောင်းဝယ်သူများထံ လိမ်လည်မိပြီးနောက်၎င်းတို့နှစ်ယောက်ထံ ရေဒီယိုကနေတဆင့် ပဟေဠိဆန်တဲ့လူတစ်ယောက်ရဲ့ အသံကိုကြားရပါတော့တယ်.၎င်းတို့ရဲ့အသက်ကိုပါ ခြိမ်းခြောက်လာတဲ့ ထိုသူ့ကို ကြောက်ရွံ့လျက်ရှောင်တိမ်းဖို့ဖြစ်လာတဲ့အခါမှာတော့…ဒီကားလေးဟာဆိုရင် တစ်ပတ်တစ်ပိုင်းထွက်မယ့် Mini-Seriesလေးဖြစ်လို့ ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် ဇာတ်လမ်းတွဲလေးဖြစ်ပြီးသူငယ်ချင်းနှစ်ယောက်ရဲ့ ဖိအားများအောက် ပဋိပက္ခဖြစ်မှုများပဟေဠိဆန်တဲ့အသံပိုင်ရှင်ရဲ့ခြိမ်းခြောက်မှု မူးယစ်ဆေးလောကရဲ့ရှုပ်ထွေးမှုတို့ကို တင်ဆက်ပြသထားလို့ ရုပ်ရှင်ချစ်ပရိသတ်များမြည်းစမ်းကြည့်ရှုခံစားနိုင်ကြစေရန် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ………..